Thursday, November 1, 2018

Hallowen Festival ပွဲ မန်းမှာကျင်းပ


အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပလေ့ရှိတဲ့ Hallowen Festival ပွဲကို မနေ့က မန္တလေးမြို့ Golden City Event Park မှာ ကျင်းပခဲ့ပါတယ်။

သရဲပုံစံအပြင်အဆင်တွေနဲ့ ကျင်းပလေ့ရှိကြတဲ့ဒီပွဲအတွက် မန္တလေးမြို့က The Rave Entertainment ကစီစဉ်ပေးခဲ့တာဖြစ်ပြီး မွန်းလွဲ ၃ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပခဲ့တာပါ။

ပွဲလာသူတွေကို သရဲပုံစံပြင်ဆင်ပေးတဲ့ မိတ်ကပ်အလှဆင်သူတွေက၀န်ဆောင်မှုပေးခဲ့သလို မျက်လှည့်တွေ ဆပ်ကပ်အစီအစဉ်တွေ၊ Selfie Booth နဲ့ ဓာတ်ပုံရိုက်တဲ့ အစီအစဉ်အပြင် DJ Marnik၊ DJ Romeo Blanco၊ DJ Rave Radio တို့နဲ့အတူ ပြည်တွင်းကနာမည်ကြီး DJ တွေ ပါဝင်ဖျော်ဖြေတင်ဆက်ပေးခဲ့ကြပါတယ်။







သတင်း + ဓာတ်ပုံ - စောထွေး
Popular News Journal

0 comments:

Post a Comment