Monday, June 3, 2019

ရသေ့တောင်မြို့နယ်တွင် AA သောင်းကျန်းသူအဖွဲ့ကသံဃာ ၁ ပါးနှင့်အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ် ၂၈သိန်း ယူဆောင်သွားသည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးနန္ဒမာလ(၆၄)နှစ်သည် ဧပြီလ ၂၃ ရက်နေ့က စစ်တွေမြို့၌ဆေးကုသရန်ရောက်ရှိ နေစဉ် ရေစိုးချောင်းကျေးရွာနေ ဒေါ်မဲမချေ(၄၀)နှစ်က ၎င်းကို AA သောင်းကျန်းသူအဖွဲ့ ကဖမ်းထားပြီး ဆရာတော် ကိုယ်တိုင်လာရောက်ဖြေရှင်းမှ လွှတ်ပေးမည်ဟု ပြောဆို ကြောင်း ဖုန်းဆက်သွယ်မှုရရှိခဲ့သဖြင့် ရေစိုးချောင်းကျေးရွာသို့ ပြန်လာခဲ့သည်ဆို၏။ 

ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ရသေ့တောင်မြို့ နယ်၊ ကျောက်တန်းကျေးရွာသင်္ဘောဆိပ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် နေ့ဆွမ်းသုံးဆောင်နေစဉ် ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်သောင်းချေနှင့် AA သောင်းကျန်းသူအဖွဲ့မှ အမျိုးသား (၁၀)ဦး ရောက်ရှိလာပြီး ဆရာတော်အား ဖမ်းဆီး၍အုန်းချောင်းကျေးရွာအနီး ဘုရားတောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားရာ ဒေါ်မဲမချေ အား လက်ပြန်ကြိုးတုပ် လျက်တွေ့ရှိရသည် ဆို၏။ 
ထို့ နောက်AA သောင်းကျန်းသူအဖွဲ့ခေါင်းဆောင်က ဆရာတော်၏သင်္ကန်းအားအတင်းဆွဲချွတ်၍ ပုဆိုးနှင့်အင်္ကျီအား လဲလှယ်ဝတ်ဆင်စေခဲ့ကြောင်း၊ AA သောင်းကျန်းသူများက ဆရာတော်သည် ၎င်းတို့၏သတင်းများကို စုဆောင်း ပြီး တပ်မတော်သို့ သတင်းပေးသည်ဟုလည်းကောင်း၊ ဆရာတော်နှင့်ဒေါ်မဲမချေ တို့သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က အတူနေခဲ့သည်ဟုလည်းကောင်း စွပ်စွဲ၍ ခြိမ်းခြောက်ရိုက် နှက်ခဲ့၍ဝန်ခံခိုင်းခဲ့သည်ဆို၏။ 
ထို့ နောက် လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်းကာ စာချုပ်အား သိမ်းဆည်းသွားကြောင်း၊ ထို့နောက် ဆရာတော် ထံတွင်ပါရှိလာသည့် ငွေကျပ်သိန်း(၃၀)အနက်(၂၈)သိန်းနှင့် ဖုန်း(၁)လုံးအား ယူဆောင်သွားပြီးနောက် ထွက်ခွာသွားခဲ့ ကြောင်း သိရှိရသည်။ 
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တန်းကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး မောင်သောင်းချေ နှင့်အမည်မသိ ၁၀ ဦးတို့အား စစ် တွေနယ်မြေရဲစခန်းက (ပ)၆၈/၂၀၁၉၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၀(ခ)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိသည်။ 
AA သောင်းကျန်းသူအဖွဲ့သည်နယ်မြေအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် အဖျက်အမှောက် လုပ်ငန်းများအား လုပ်ဆောင်နေသည့်အပြင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အမျိုးသမီးများကိုလည်း အကြောင်းမဲ့စွပ်စွဲကာ ခြိမ်းခြောက်ညှင်းပန်းနှိပ်စက်မှုများ ပြုမူဆောင်ရွက် လျက်ရှိနေကြောင်း ရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားသည်။ 

The Ladies News

0 comments:

Post a Comment