
အာဆီယံ-အရှေ့တောင်အာရှနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး ခိုင်မာအားကောင်းရေး တစိတ်တဒေသအဖြစ် တောင်ကိုရီးယား သမ္မတ Moon Jae-in ဟာ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
သူ့သမ္မတသက်တမ်းမှာ အာဆီယံ ၁၀ နိုင်ငံစလုံးကို သွားရောက်မယ်လို့ ပေးတဲ့ကတိအတိုင်း စက်တင်ဘာ ၁ ရက်ကစလို့ သီတင်းတပတ်ကြာ ခရီးစဉ်စတင်ပါမယ်။
သံတမန်ဆက်ဆံရေးကျယ်ပြန့်စေဖို့ တောင်ကိုရီးယားက ချမှတ်ထားတဲ့ တောင်ပိုင်းဆိုင်ရာ မူဝါဒသစ်ကို ဇောင်းပေးပြီး အာဆီယံနဲ့ ဆက်ဆံရေး တိုးတက်နိုင်အောင် အစိုးရက အထူးကြိုးပမ်းနေပါတယ်။
သမ္မတ Moon Jae-in ဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၃ ရက်မှာရောက်ရှိလာမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံပါမယ်။
ရေရှည်ဖွံ့ဖြိုးရေးကိစ္စရပ်နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုရီးယား ကုမ္ပဏီတွေကို အထောက်အကူပြုရေး ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
Photo: YONHAP / AFP
RFA






0 comments:
Post a Comment