Sunday, August 25, 2019

မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး လူထုဆန္ဒနှင့် တိုင်းပြည်လိုအပ်ချက်ကို ချိန်ညှိရမည်ဟုဆို

မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး လူထုဆန္ဒနှင့် တိုင်းပြည်လိုအပ်ချက်ကို ချိန်ညှိရမည်ဟုဆို
မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်ပြီး လူထုဆန္ဒနှင့် တိုင်းပြည်၏ လိုအပ်ချက်ကို ချိန်ညှိရမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး ဆရာမုံရွာအောင်ရှင်က ပြောသည်။
မီတာခ တိုးမြင့်ကောက်ခံခြင်းကြောင်း လက်ရှိဖြစ်ပွားနေသော ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဆရာမုံရွာ အောင်ရှင်မှ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သူတို့အဆိုအရ မီတာခမြှင့်တင်တာ တစ်ကယ့်လုပ်ငန်းကြီးတွေ လုပ်ကိုင်နေတဲ့လူတွေ အဆင့်ဆင့် အလွှာက လူတွေအတွက် ပဲ ဒီဟာကို ထိထိရောက်ရောက်ဖြစ်တယ်ပေါ့။ အောက်ခြေပိုင်းကတော့ သိပ်ပြီး ပြဿနာမရှိနိုင်ဘူးလို့ အကြောင်းပြတယ်။ ဒါပေ မဲ့ အခုတော်တော်များများမှာ ဒီကိစ္စကို ဆန့်ကျင်ဆန္ဒပြနေတာ တွေ့ရတယ်။ သူတို့ပြောတာနဲ့ အခုဖြစ်နေတာနဲ့က ကွဲလွဲမှုတွေရှိ နေတာပေါ့ဗျာ။ အဲဒါကို အစိုးရအနေနဲ့ ပြန်ပြီးစိစစ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မီတာခတိုးကောက်တဲ့ကိစ္စက တိုင်းပြည် အတွက် တစ်ကယ်အကျိုးရှိနိုင်မယ့် ကိစ္စဖြစ်နေရင် ဒါလည်းပြန်စဉ်းစားရမှာပဲ။ မှားတယ် မှန်တယ်ဆိုတာထက် လူထုရဲ့ သဘော ထားဆန္ဒနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်နဲ့ ချိန်ညှိရမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု မုံရွာ ဦးအောင်ရှင်က ပြောသည်။
မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး လက်ရှိတွင်  ပြည်သူများမှ ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment