
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် နှစ်သိန်းဝန်းကျင်က မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့ မနေ့က ဒုက္ခသည်စခန်းတွေအတွင်း လှည့်လည်ချီတက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း သေဆုံးသွားခဲ့သူတွေအတွက်လည်း အောက်မေ့ဖွယ်ဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။ ရိုဟင်ဂျာ မျိုးဖြုတ်လူသတ်ပွဲ အမှတ်တရ ဆိုတဲ့ စာတမ်းတွေပါတဲ့ အဖြူရောင်အင်္ကျီတွေ ၀တ်ဆင်ပြီး တရားမျှတမှု အလိုရှိကြောင်း၊ မျိုးဖြုတ်လူသတ်ပွဲ အလိုမရှိကြောင်းကြွေးကြော်ချီတက်ခဲ့ကြတာပါ။
အခုအခါ ဒုက္ခသည် ၇ သိန်း ၀န်းကျင်ဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းပေါင်း ၃၆ ခုမှာ ခိုလှုံနေကြပါတယ်။ ပထမအကြိမ် ဒုက္ခသည်ပြန်လည်ခေါ်ယူရေး မအောင်မြင်ခဲ့သလို၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဒုတိယအကြိမ်မှာလည်း စိစစ်ပြီး ပထမအသုတ် ဒုက္ခသည် ၃၄၅၀ ကို မူလနေရပ် ပြန်လည်ခေါ်ယူဖို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ စတင်ခဲ့ပေမယ့် ပြန်မယ့်သူ မရှိခဲ့ပါဘူး။
ဒီအတွင်း ဒုက္ခသည်ပြန်ပို့ရေးကိစ္စအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက လိုအပ်သမျှ အကူအညီတွေ ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ် ရောဘတ် မီလာက ပြောလိုက်ပါတယ်။ ဒါ့ပြင် ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ ဒေသတွေအတွက် ဒေါ်လာ တစ်သိန်း ကူညီမယ်လို့လည်း ကြေညာခဲ့ပါတယ်။
Photo: MUNIR UZ ZAMAN / AFP
RFA






0 comments:
Post a Comment