Sunday, August 25, 2019

တံတားပြန်လည်တည်ဆောက်နေသည့် တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရ

Image may contain: plant, tree, outdoor and nature
AA, TNLA နှင့် MNDAA ပူးပေါင်းလက်နက်ကိုင်သုံးဖွဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် ရှမ်းပြည်နယ်(မြောက် ပိုင်း) သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်ကြားရှိ ၄၁ မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်) ပြန်လည်တည်ဆောက်ရေး ဆောင် ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို အဆိုပါပူးပေါင်းအဖွဲ့က နှောင့်ယှက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

ဖောက်ခွဲဖျက်ဆီးခံရသည့် သိန်းနီ -နမ့်ဆလပ်-ကွမ်းလုံ လမ်းကြောင်းပေါ်ရှိ မန်တုံစွန်တံတား၊ နားတီးကျေးရွာ အထွက်(၃၁)မိုင်တံတားနှင့် (၄၁)မိုင်သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)တို့က တပ်မတော်က ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိရာ မန်တုံစွန်တံတားမှာ ဩဂုတ် ၁၉ ရက်တွင် ပြန်လည်ဆောက်လုပ်ပြီးစီးခဲ့သဖြင့် ဒေသခံခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ခဲ့သည်။
ကျန်ရှိသည့် တံတားနှစ်စင်းအနက် ၄၁ မိုင် သံကူကွန် ကရစ်တံတား (ဗြုန်းတောင်) ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၃ ရက် မွန်းလွဲ ပိုင်းတွင် ထိုသုံးဖွဲ့က တံတားနေရာ၏ မြောက်ဘက်မှနေ၍ လက် နက်ကြီး၊ လက်နက်ငယ်များနှင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တံတားတည်ဆောက်ရေးနှင့် နယ်မြေလုံခြုံရေး ဆောင် ရွက်နေသည့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အလားတူထိုသုံးဖွဲ့သည် ကွတ် ခိုင်မြို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်ကို ဩဂုတ် ၂၃ ရက် မွန်းလွဲပိုင်းနှင့် သိန်းနီမြို့ ရေပူ စစ် ဆေးရေးဂိတ်ကို ဩဂုတ် ၂၄ ရက် နံနက် ၃ နာရီခွဲတွင် လက်နက် ကြီးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သည့်အပြင် ဩဂုတ် ၂၃ ရက်တွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နယ်မြေလုံခြုံ ရေးလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကွတ်ခိုင်မြို့နှင့် နမ့် ဖတ်ကာကြားလမ်းမကြီးပေါ်ရှိ နမ့်ခိုင်ကျေးရွာ ၏ အရှေ့တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာ၌ ဒေသန္တရမိုင်း သုံးလုံးတွေ့ရှိဖော်ထုတ်၍ အများပြည်သူ အန္တ ရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။
ထို့ပြင် လမ်းကြောင်းများ ပိတ်ဆို့အောင် ကျောက်တုံး၊ သစ်ကိုင်းများဖြင့် ပိတ်ဆို့ထားသည့်နေရာများ၊ လားရှိုး-သိန်းနီ-နမ့်ဖတ်ကာပြည်ထောင်စုလမ်းမကြီး နမ့်ဖတ်ကာ၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ အိမ်စီးကားနှစ်စီးနှင့် ဟွန်ဒါဖစ်တစ်စီး တို့ကို မီးရှို့၍ လမ်းကြောင်း ပိတ်ဆို့ထားမှုများကို ဖယ်ရှားရှင်းလင်း ပေးခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေး တို့အတွက် လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများကို တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက် လျက်ရှိသည့်အပြင် လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေ ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ထားသည်။
သတင်း - တင့်ဇော်ထွန်း
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment