
ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားရလောက်အောင် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုအတွက် အရေးကြီးတဲ့ အမေဇုန်တောကြီးတွေ စံချိန်တင် မီးလောင်နေတာနဲ့ ပတ်သက်လို့ ဂျီ-၇ ထိပ်သီး အစည်းအဝေးမှာ နိုင်ငံ့ခေါင်းဆောင် တွေ သဘောတူညီချက် ရတော့မယ်လို့ သိရပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန်က နည်းပညာနဲ့ ငွေကြေးပိုင်း အကူအညီတွေ ပေးနိုင်ဖို့ သဘောတူညီချက်တွေ ရ တော့မယ်လို့ တနင်္ဂနွေနေ့က ပြောသွားပါတယ်။ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။
ခြောက်သွေ့တဲ့ ရာသီဆိုရင် တောမီးလောင်ကျွမ်းတာ ဖြစ်တတ်ပေမယ့် ဒီနှစ်မှာ စံချိန်တင် လောင်ကျွမ်းနေတာပါ။ စနေ နေ့က အထိ တောမီလောင်ကျွမ်းမှု အကြိမ် ၈၀၀၀၀ နီးပါး ရှိနေပါပြီ။ ဒါဟာ မနှစ်ကထက် နှစ်ဆလောက် ပိုများနေတာပါ။
နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ သဘာဝ ပတ်ဝန်းကျင် သမားတွေက ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး လုံလုံလောက်လောက် အရေးယူဆောင်ရွက်တာမျိုး မရှိလို့ ဘရာဇီးသမ္မတ ဂျဲဘိုလ်ဆိုနာရိုကို ပြစ်တင်ဝေဖန်နေကြပါတယ်။ သမ္မတ ဘိုလ်ဆိုရာနို က ဘရာဇီးမှာ အဲဒါတွေကို အရင်းအမြစ် လုံလုံလောက်လောက် မရှိဘူးလို့ ပြောထားပါတယ်။
လက်ရှိအချိန်မှာတော့ အမေဇုန်တောမီးကို ရင်ဆိုင်ဖို့ စစ်သည်အင်အား ၄၄၀၀၀ ဖြန့်ကြက်ထားပြီးလို့ သိရပါတယ်။


Source: Reuters






0 comments:
Post a Comment