Friday, August 2, 2019

ပညာရေးလောက၌ ရာထူးတိုးပြောင်းရွှေ့ကိစ္စရပ်များ တရားမျှတစေရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြော

ပညာရေးလောက၌ ရာထူးတိုးပြောင်းရွှေ့ကိစ္စရပ်များ တရားမျှတစေရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြော
ရာထူးတိုးပြောင်းရွှေ့ကိစ္စရပ်များတွင် တရားမျှတမှုရှိစေရန် ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ဇူလိုင် ၃၁ ရက်ကကျင်းပသော ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနည်းပညာ၊ ကွန်ပျူတာ တက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး၊ပြောင်းရွှေ့မှုဆိုင်ရာမူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
“ရာထူးတိုး၊ ပြောင်းရွှေ့မှုဆိုင်ရာနှင့်စပ်လျဉ်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုထားသောသတ်မှတ်ချက်များဖြင့် တရားမျှတမှုအရှိဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များသည် ယခုမှသတ်မှတ်ရခြင်း ဖြစ်သည့်အတွက် မသက်မှတ်မီကာလနှင့် သက်မှတ်ပြီးကာလများကွာခြားမှုရှိမှာ ဖြစ်ပါကြောင်း၊ ကွာခြားမှုရှိသည့်အတွက် နစ်နာသည်ဟုယူဆသူများရှိနိုင်သလိုအားသာချက်ရရှိသည်ဟုခံစားသူများလည်းရှိနိုင်ပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်ရွယ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရန်အတွက်သည်သာပထမဦးစားပေးဖြစ်ပါကြောင်း” ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင် တက္ကသိုလ်ကျောင်းပေါင်း ၁၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမပေါင်းသောင်းနှင့်ချီရှိကြောင်း သိရသည်။
ရာထူးတိုးပြောင်းရွှေ့မူဝါဒများနှင့်ပတ်သက်၍ နှစ်စဉ်ဆရာများအကြား အငြင်းပွားဖွယ်ရာကိစ္စရပ်များမကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး သတင်းမီဒီယာများသို့ရှင်းလင်းပြောကြားလေ့ရှိသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment