
ပြီးခဲ့တဲ့နှစ်လကျော်ကစလို့ ဆန္ဒပြပွဲတွေ နေ့စဉ်လိုပေါ်ပေါက်နေတဲ့ ဟောင်ကောင်မှာ မနေ့က ထောင်နဲ့ချီတဲ့ လူထုတွေက တေးဂီတတွေ သီဆိုတီးမှုတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြခဲ့ကြပြီး၊ ညပိုင်းမှာတော့ ဆန္ဒပြအဖွဲ့တချို့ တရုတ်ပြည်မ ဆိုင်ရာဆက်ဆံရေးရုံးတွေဘက် ချီတက်ခဲ့ကြရာမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။
တရုတ်ပြည်မကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဟောင်ကောင် ပြည်သူတွေ မကျေနပ်လို့ ဆန္ဒပြနေကြတာပါ။
ဟောင်ကောင် အုပ်ချုပ်ရေးမှူးက ဒီဥပဒေကြမ်းကို ပြန်ရုပ်သိမ်း လိုက်ပေမဲ့၊ ဆန္ဒပြသူတွေက အုပ်ချုပ်ရေးမှူး နုတ်ထွက်ဖို့၊ အင်အားသုံးနှိမ်နှင်းတာတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုနေပါတယ်။
ဒီနေ့ တနင်္လာနေ့မှာတော့ သပိတ်ကို ရပ်နားထားမယ်လို့ သိရပါတယ်။
Photo: Isaac Lawrence / AFP
RFA






0 comments:
Post a Comment