
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က မကြာခင် ထုတ်ပြန်မယ့် မြန်မာ့ တပ်မတော်ရဲ့ စီးပွားရေးအကျိုးအမြတ်ဆိုင်ရာ အစီရင်ခံစာ အပါအ၀င်၊ မစ်ရှင်အဖွဲ့ရဲ့ နောက်ဆုံးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ သြဂုတ်လ ၅ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပမှာဖြစ်ပါတယ်။
အဲဒီ မစ်ရှင်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ မာဇူကီ ဒါရုစ်မဲန်နဲ့ အဖွဲ့ရဲ့ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ခရစ္စတိုဖာ ဆီဒိုတီ တို့က ဦးဆောင်ကျင်းပမှာပါ။
အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ထံ လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ တင်ပြဖို့ စီစဉ်ထားပါတယ်။
Photo: Fabrice COFFRINI / AFP
RFA






0 comments:
Post a Comment