Sunday, August 4, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ခြောက်လ သက်တမ်းတိုးမြှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ရန် လေးကြိမ်တိုင် တောင်းဆိုထားသော်လည်း ခွင့်ပြုချက်မရသေး

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE) ကို သက်တမ်းခြောက်လ တိုးမြှင့်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ သက်တမ်းခြောက် လတိုးမြှင့်ခြင်းကို နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၃/ ၂၀၁၉) ဖြင့် ထွက်ရှိ ခဲ့သော်လည်း နိုင်ငံပိုင်သတင်းစာများမှ ကြေညာခြင်းမရှိသလို သမ္မတရုံး ၀က်ဘ်ဆိုက်၌လည်း လွှင့်တင်ထားခြင်းမရှိပေ။

 ကော်မရှင်၏ သက်တမ်း ခြောက်လ တိုးမြှင့်ထားခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့် မြင့်အရာရှိတစ်ဦးက အတည်ပြု ပြောကြားပြီး သမ္မတရုံးအမိန့် ကြော်ငြာစာ၌ ကော်မရှင်၏ လုပ်  ငန်းများ အပြည့်အ၀အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့်  သက်သေအထောက်အထား အ ချက်အလက်များ ပိုမိုပြည့်စုံစွာ စုစည်းဆောင်ရွက်နိုင်ရန် ၂၀၂၀ ဇန်န၀ါရီ ၂၉ ရက်အထိ သက် တမ်းတိုးမြှင့်ကြောင်း ဖော်ပြ သည်။
၂၀၁၈ ဇူလိုင် ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော အထက်ပါ ကော်မရှင်၏ သက်တမ်းသည် တစ်နှစ်ဖြစ်ပြီး တစ်နှစ်ပြည့်မြောက် ချိန်တွင် နိုင်ငံတော်သမ္မတထံ ၎င်းတို့ကော်မရှင်၏ လေ့လာတွေ့ရှိချက်များကို အစီရင်ခံစာ တင် သွင်းရမည်ဟု ဖော်ပြထားသည်။
သို့သော် သက်တမ်းတစ်နှစ် မပြည့်မီတွင် နိုင်ငံတော်သမ္မတ ရုံးကကော်မရှင်ကို သက်တမ်း ခြောက်လတိုးမြှင့်ကြောင်း ကြေ ညာခြင်းဖြစ်သည်။
လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်သည် ၂၀၁၉  မေ ၂၆ ရက်အထိ အစည်းအဝေး  ကိုးကြိမ်ပြုလုပ်ခဲ့ပြီး နိုင်ငံတော် သမ္မတထံ ၎င်းတို့၏ ကနဦးအစီ ရင်ခံစာ တင်သွင်းရန် နှံ့စပ်စွာ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ခဲ့ သည်။ သို့သော် ကနဦးအစီရင်ခံ စာ တင်သွင်းပြီးသည့် အခြေအနေကို ကော်မရှင်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။
 ကော်မရှင်သည် ကော့ဘ ဇားရှိ နေရပ်စွန့်ခွာသူများနှင့်တွေ့ ဆုံနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ကို လေးကြိမ်တိုင် တောင်းဆိုခဲ့ သော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုချက်မရသေးပေ။
ဖိလစ်ပိုင် ဒုတိယနိုင်ငံခြား  ရေးဝန်ကြီးဟောင်း မစ္စစ်ရိုဆာရီ ယိုမယ်နာလို ဦးဆောင်သည့် ကော်မရှင်တွင် ဂျပန်သံအမတ် ကြီးဟောင်း မစ္စတာကင်ဇိုအိုရှီး မား၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ပါမောက္ခဒေါက်တာ  အောင်ထွန်းသက်တို့က အဖွဲ့ဝင် အဖြစ် ပါဝင်သည်။
နိုင်ငံတော်သမ္မတရုံးက ရခိုင် ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အထက်ပါလွတ်လပ် သော စုံစမ်းစစ်ဆေးရေးကော်မ ရှင်ကို ဖွဲ့စည်းထားသော်လည်း တပ်မတော်က ယခုနှစ်မတ်လ တွင် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းလုပ်ဆောင်ခဲ့သည်။တစ်ချိန်တည်းတွင် ကုလသမဂ္ဂနှင့် အနောက်အင်အားကြီး နိုင်ငံများက သီးခြားလွတ်လပ် သော စုံစမ်းစစ်ဆေးရေးကော်မ ရှင်ကို ဖွဲ့စည်း၍ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့်  အကြမ်းဖက်မှုများ ဖော်ထုတ်စစ် ဆေးရန် တောင်းဆိုခဲ့သည်။ သို့ သော် မြန်မာအစိုးရက ယင်း တောင်းဆိုမှုများကို ပယ်ချခဲ့ပြီး အထက်ပါ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) ၏ ဖော်ထုတ်မှုများကိုစောင့်ကြည့် ရန် တုံ့ပြန်ခဲ့သည်။ လူ့အခွင့်အရေး အကြမ်း ဖက်မှု အပါအ၀င် ဆက်စပ်နေ သော အကြောင်းအရာများကို ကျူးလွန်သူများအပေါ် လွတ်လပ် သော စုံစမ်းစစ်ဆေးရေးကော်မ ရှင်က လွတ်လပ်စွာ၊ တရားမျှတ မှုရှိစွာ ဖော်ထုတ်စုံစမ်းစစ်ဆေးမှု များဖြင့် တာဝန်ခံမှုရှိစေရေးကို စွမ်းဆောင်နိုင်မည်ဟု အာဆီယံ အသိုက်အ၀န်းက မျှော်လင့်ထား ကြောင်း ဇူလိုင် ၃၁ ရက်တွင် ထုတ် ပြန်သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးအပြီး  ပူးတွဲကြေညာချက်၌ ဖော်ပြ သည်။
7Day

0 comments:

Post a Comment