အစိုးရက စည်းကမ်းများ ကို ပြောင်းလဲလိုက်ခြင်းကြောင့် နိုင်ငံခြား အာမခံကုမ္ပဏီသုံးခု သည် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခွင့် မရခဲ့ ကြောင်း ဂျပန် နီကေးအေးရှား သတင်းဌာနက ရေးသားဖော်ပြ ထားသည်။
အစိုးရက စည်းကမ်းအချို့ ပြောင်းလိုက်ခြင်းကြောင့် ထိုင်း အာမခံ ကုမ္ပဏီများဖြစ်သည့် Muang Thai Insurance and Muang Thai Life Assurance နှင့် တောင်ကိုရီးယား အာမခံကုမ္ပ ဏီ DB တို့သည် ပြည်တွင်းကုမ္ပ ဏီနှင့် အပြီးသတ်ညှိနှိုင်းမှု မရှိ၍ လုပ်ကိုင်ခွင့်မရခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားအာမခံကုမ္ပဏီများ သည် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လိုပါက ပြည်တွင်းကုမ္ပဏီ၏ မူရင်းရှယ်ယာကို ၀ယ်နိုင်သည်ဟု အစိုးရကဧပြီတွင် ထုတ်ပြန်ခဲ့ပြီး အစိုရထံ လုပ် ကိုင်ခွင့် နောက်ဆုံးတင်ပြရမည့် အချိန်ကပ်ချိန်တွင် ပြည်တွင်းကုမ္ပ ဏီ၏ ရှယ်ယာအသစ်များသာ ၀ယ်ရမည်ဟု ပြောင်းလဲခဲ့သော ကြောင့်ဟု သတင်းတွင်ဖော်ပြ ထားသည်။
သို့သော် ထိုအချက်ကို ငွေ ရေး ကြေးရေးကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန့်စင်က ငြင်းဆန်ခဲ့ပြီး ဌာန သည် မည်သည့် စည်းကမ်းကိုမျှ မပြောင်းလဲခဲ့ကြောင်းနှင့် ကုမ္ပဏီ များကို အတိုင်ပင်ခံကုမ္ပဏီက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။
‘‘ပြည်တွင်းကုမ္ပဏီနဲ့ နိုင်ငံ ခြားကုမ္ပဏီ ညှိမရတဲ့ကိစ္စတွေပါ။ အဲဒီလိုကြေးဆိုရင် ကျန်တဲ့ ခြောက်ခုက ဘာလို့ဝင်လာနိုင်မ လဲ။ ပြောင်းလဲလိုက်ရင် အားလုံး က ထွက်ပြေးသွားမှာပေါ့’’ဟု ဦးသန့်စင်က ပြောသည်။
ဦးစီးဌာနသို့ ကုမ္ပဏီ ခြောက်ခုက ပူးပေါင်းဆောင်ရွက်ရန် တင်ပြလာခြင်းဖြစ်၍ တင်ပြလာ သည့် ကုမ္ပဏီများကို ခွင့်ပြုပေး ခဲ့သည်ဟု ၎င်းကဆိုသည်။
အသက်အာမခံနှင့် အထွေ ထွေအာမခံလုပ်ငန်းများအတွက် ဂျပန်ကုမ္ပဏီငါးခုနှင့် ထိုင်းကုမ္ပ ဏီတစ်ခုတို့ကို ပြည်တွင်းကုမ္ပဏီ များနှင့် ဖက်စပ်လုပ်ကိုင်ရန် ခွင့် ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက်အာမခံလုပ်ငန်း တွင် ဂျပန်ကုမ္ပဏီများဖြစ်သည့် Taiyo Life အာမခံကုမ္ပဏီ၊ Nippon Life အာမခံကုမ္ပဏီနှင့် ထိုင်းကုမ္ပဏီ Thai Life အသက် အာမခံကုမ္ပဏီတို့ကို ပြည်တွင်း ရှိ Capital အသက်အာမခံကုမ္ပ ဏီ၊ Grand Guardian အသက်အာ မခံကုမ္ပဏီနှင့် Citizen Business အာမခံကုမ္ပဏီတို့နှင့် ဖက်စပ်လုပ် ကိုင်ခွင့်ပြုခြင်းဖြစ်သည်။
အထွေထွေအာမခံလုပ်ငန်း တွင် ဂျပန်ကုမ္ပဏီသုံးခုဖြစ်သည့် Sompa Japan Nipponkoa အာမခံကုမ္ပဏီ၊ Tokio Marineand Nichido Fire အာမခံကုမ္ပဏီနှင့် Mitsui Sumitomo အာမခံကုမ္ပဏီတို့ကို ပြည်တွင်းမှ AYAမြန်မာ အထွေထွေ အာမခံ ကုမ္ပဏီ၊ Grand Guardian အထွေထွေ အာမခံကုမ္ပဏီနှင့် IKBZ အာမခံကုမ္ပဏီတို့နှင့် အသီးသီး ပူးပေါင်းဆောင်ရွက်စေ သည်။
ဟောင်ကောင်အခြေစို AIA ကုမ္ပဏီ၊ အမေရိကန်အခြေစိုက် Chubb Tem-pest Reinsuranceကုမ္ပဏီ၊ ဂျပန် အာမခံကုမ္ပဏီ Dai Ichi Life Insurance, ကနေဒါ အခြေစိုက် Manufacturers Life ကုမ္ပဏီနှင့် Prudential ဟောင်ကောင်ကုမ္ပဏီတို့ကို ရာနှုန်းပြည့် အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည်။
မြန်မာနိုင်ငံတွင် အာမခံဈေး ကွက်သည် ၂၀၁၈ က ဒေါ်လာ ၁၆၆ သန်းရှိခဲ့ပြီး နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း ရှိသည်။
7Day






0 comments:
Post a Comment