Sunday, August 4, 2019

မန္တလေးမြို့နေရာအချို့တွင် အစိုးရအလိုမရှိကြောင်း စတစ်ကာများ လိုက်ကပ် စည်ပင်၏ စီစီတီဗီမရှိသော နေရာများတွင် ကပ်ခြင်းဖြစ်အစိုးရဆန့်ကျင်ရေး သပိတ်ဖြိုခွင်းသည့် (၂)နှစ်ပြည့်နှင့် တိုက်ဆိုင်နေ

အစိုးရ အလိုမရှိ ကြောင်း အချက်ရှစ်ချက်ပါဝင် သော စာများရေးထားသည့်  စတစ်ကာများကို မန္တလေးမြို့ နေရာအချို့၌ သြဂုတ် ၃ ရက်ည တွင် လိုက်လံကပ်ခြင်းများဖြစ် ပေါ်ခဲ့သည်။

မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်ရှိ ဓာတ်တိုင်များ၊ နံရံများ နှင့် ဆိုင်ကယ်၊ ကားများတွင် အစိုးရအလိုမရှိကြောင်း ရေးသား ထားသည့် စာသားများပါဝင်သည့် စတစ်ကာများကို ဆိုင်ကယ်စီး နှာခေါင်းစည်း (Mask) အုပ်ထား သူနှစ်ဦးက လိုက်လံကပ်ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူတစ် ဦးက လူမှုကွန်ရက်စာမျက်နှာ၌ တင်ခဲ့သည်။
ထို့အပြင် အခြားရပ်ကွက်များ၌ လည်း အဆိုပါ စတစ်ကာများ လိုက်လံကပ်ခြင်းများရှိသည်ဟု လူမှုကွန်ရက် သုံးစွဲသူများက မှတ်ချက်ပြုရေးသားသည်။
စတစ်ကာတွင် ‘အပြောနဲ့အ လုပ်ထပ်တူမကျ ကတိမတည်  သည့်အစိုးရအလိုမရှိ၊ စီမံခန့်ခွဲမှု    မကျွမ်းကျင်သူများနေရာပေး သည့်အစိုးရ အလိုမရှိ၊ တိုင်းရင်း  သားအရေးလျစ်လျူရှု၍ ကုလား  အရေးဦးစားပေးသည့် အစိုးရအ လိုမရှိ၊ ပြည်ပအားကိုးအစိုးရအ လိုမရှိ၊ အမျိုးဘာသာ သာသနာ  နှင့် လူမျိုးရေးအန္တရာယ်ကာကွယ် ရန်တာဝန်ရှိပါလျက် မကာကွယ်  ဘဲ ကာကွယ်စောင့်ရှောက်နေ သည့် အမျိုးသားရေးတက်ကြွ လှုပ်ရှားသူများအား ဖိနှိပ်နေသည့်    အစိုးရ အလိုမရှိ၊ အခွန်တိုး ကောက် ဘတ်ဂျက်မလောက် သည့် အစိုးရအလိုမရှိ၊  လူမျိုး လိမ် ခိုးဝင်ဘင်္ဂါလီဝင်ရောက်မှု အား အစိုးရအဆက်ဆက်နိုင်ငံ တော်ဘက်မှ မားမားမတ်မတ်ဆန့် ကျင် ရပ်တည်ခဲ့သော်လည်း ယခု အခါ  တရားဝင် ၀င်ရောက်ခွင့်ရှိ ရေး တံ ခါးဖွင့်လက်ကမ်းကြိုသည့် အစိုးရ အလိုမရှိ၊ ၀န်ကြီးနုတ် ထွက်အမတ် ခံဝန်ဝန်ထမ်းထောင် ကျအဂတိ လိုက်စားသည့် အစိုးရအလိုမရှိ’ဟူသည့် အချက်ရှစ် ချက်ကို ရေးသားထားသည်။
အဆိုပါ စာသားများ၏ အောက်ခြေတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ် ပေါင်းစုဟု အမည်တပ်ထားသည်။
မန္တလေးမြို့တော် စည်ပင်  သာယာရေးကော်မတီက မီးပွိုင့် များတွင် တပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာ (CCTV) မှတ်တမ်းများကို ကြည့်ရှုနိုင်ရန် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက် လေ့ရှိပြီး ယခုဖြစ်ရပ်အတွက် သြဂုတ် ၄ ရက် နံနက်က ခရိုင် ရဲတပ်ဖွဲ့က လာရောက်ကြည့်ရှု ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
‘‘ကျွန်တော်တို့ CCTV တွေ ကတော့ လမ်းတွေမှာ ယာဉ်အ သွားအလာကို အဓိကစောင့် ကြည့်တာပါ။ အရင်တစ်ခါကျုံး  ဘေးမှာကပ်သွားတုန်းက ရဲတပ် ဖွဲ့က မှတ်တမ်းတွေလာကြည့် တာရှိဖူးတယ်။ အခုကပ်သွား တဲ့နေရာတွေမှာတော့ ကျွန်တော် တို့ CCTV တွေတပ်ထားတာမရှိ တဲ့နေရာတွေဖြစ်နေတယ်’’ ဟု ဦး ဇော်ဝင်းက ဆက်လက်ပြော သည်။
သို့သော် ရဲတပ်ဖွဲ့တွင် ၎င်း တို့ကိုယ်ပိုင်တပ်ဆင်ထားသည့် CCTV များရှိကြောင်း ဦးဇော်ဝင်း ကပြောသည်။
အဆိုပါ စတစ်ကာလှုပ်ရှား မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မည်ကဲ့သို့ ဆောင်ရွက်နေသည် ကို သိရှိနိုင်ရန် ခရိုင်ရဲတပ်ဖွဲ့မှူး ထံဖုန်းဖြင့် ယမန်နေ့က အကြိမ် ကြိမ်ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်မရခဲ့ပေ။
စတစ်ကာကပ်သည့် နေရာ များအနက် တစ်နေရာဖြစ်သည့် ချမ်းမြသာစည်မြို့နယ် မနော်ဟရီ လမ်း အထက်ပိုင်းအပိုင် အောင် ပင်လယ်ရဲစခန်း စခန်းမှူး စိန် ထွန်းဦးက ‘‘စတစ်ကာကပ်သွား တဲ့သူတွေကို စုံစမ်းနေဆဲပဲရှိပါ သေးတယ်’’ ဟု ဖြေသည်။
မဟာအောင်မြေ မြို့နယ်ရှိ ဓာတ်တိုင် လေးနေရာတွင်လည်း စတစ်ကာများ ကပ်ထားသည်ကို တွေ့ရှိရပြီး ရဲတပ်ဖွဲ့နှင့် ရပ်ကွက် တာဝန်ရှိသူများက  လိုက်လံခွာယူ သိမ်းဆည်းကာ စတစ်ကာကပ်သူ များကို စုံစမ်းဖော်ထုတ်နိုင်ရေး လိုက်လံစုံစမ်းခြင်းနှင့် စောင့် ကြည့်ရှာဖွေခြင်းများ ဆောင်ရွက် နေကြောင်း အမှတ် (၉) ရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
လက်ရှိအစိုးရကို အလိုမရှိ ကြောင်းစာသားများလိုက်လံကပ် ခြင်းသည် နိုင်ငံရေးအရ မတည် မငြိမ်ဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်အောင်မိုးက ပြော သည်။
‘‘လက်ရှိအစိုးရကို မကျေ နပ်တဲ့လူတွေကတော့ ဒီလိုလုပ် ဆောင်ချက်လေးတွေရှိမှာပေါ့။   ရေးထားတဲ့စာကို ဖတ်ရပါတယ်။ ပြည်သူကလည်း လက်ရှိအစိုးရ လုပ်နေတာကို မျက်မြင်မြင်နေရ တာပဲ။ အဖျက်ကတော့ရှိမှာပဲ။   အစိုးရက လုပ်စရာရှိတာလုပ်နေ တဲ့အပေါ်မှာ နိုင်ငံရေးအရမတည် မငြိမ်ဖြစ်အောင် လုပ်တယ်လို့ယူ ဆတယ်။ ပြည်သူတွေအနေနဲ့ သူ့ စာထဲပါတာနဲ့ မျက်မြင်အနေအ ထားနဲ့ ကွဲကွဲပြားပြားမြင်မယ်လို့ ထင်ပါတယ်’’ဟု ဦးမြင့်အောင်မိုး က ပြောသည်။
စတစ်ကာတွင် ရေးသား ထားသည့် စာသားများအရအစွန်း ရောက်အမျိုးသားရေးအင်အားစု များက ဖြန့်ဝေခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ကိုလင်းထွန်းက သုံးသပ်သည်။
‘‘အမျိုးသားရေးအင်အားစု တောင်အစွန်းရောက်လို့ ပြောရ မယ်ထင်တယ်။ ဒီလိုကပ်တဲ့အ  တွက် အပြစ်ပြောစရာမရှိဘူး။ အစိုးရကို အလိုမရှိဘူးဆိုတာက တော့ ပြောစရာရှိတယ်။  လက်ရှိ အစိုးရအပေါ်မှာ အတိုက်အခံ လုပ်ချင်တဲ့ အဖွဲ့အစည်းတွေရှိ နေတယ်လို့မြင်ရတယ်။ အင်အား တစ်စုတစ်ဖွဲ့အနေနဲ့ရှိတယ်လို့ပဲ  မြင်ရတယ်။ အကုန်လုံးပါဝင်နေ တဲ့ သဘောတော့မဟုတ်ဘူး။ လက်ရှိ အစိုးရက ပြည်သူလူထု  တစ်ရပ်လုံးက တင်မြှောက်ထား တဲ့ အစိုးရဖြစ်တယ်’’ ဟု ကိုလင်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက် ညတွင်လည်း မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်းများတွင် ဆရာတော် ဦးဝီရသူကို တရားစွဲဆိုထားသဖြင့်  ဒေါ်အောင်ဆန်းစုကြည် အစိုးရ အလိုမရှိကြောင်း စာသားများ ပါဝင်သည့်  စာရွက်များကို ဘုန်း ကြီးကျောင်းများ၌ လိုက်လံကပ် ခြင်းများရှိခဲ့သည်။ သို့သော် စာ ရွက်များ ကပ်သူကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိပေ။
ဇွန်လ ၁၄ ရက်စာများတွင်  ဒေါ်အောင်ဆန်းစုကြည် အစိုးရ သည် သာသနာဖျက် အစိုးရဖြစ် ကြောင်းနှင့် သာသနာဖျက် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကို ဖြုတ်ပစ်ကြဖို့အချိန်ရောက်ပြီ ဖြစ်ကြောင်း စသည်တို့ကို ရေး သားထားသည်။
စတစ်ကာ လိုက်လံကပ် သည့် သြဂုတ် ၃ ရက် ညသည် ပြီးခဲ့သည့် ၂ နှစ်က မန္တလေးမြို့ မဟာမုနိဘုရားကြီး အနောက်  ဘက်မုခ်အနီးရှိ သာသနာနှစ် ၂,၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထား  သည့် အစိုရဖြုတ်ချရေး သပိတ် စခန်းကို တိုင်းဒေသကြီးအစိုးရက  ညပိုင်းတွင် ၀င်ရောက်ဖြိုခွဲသည့် ရက်နှင့် တိုက်ဆိုင်နေသည်။

7Day

0 comments:

Post a Comment