ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့မှာ အီဘိုလာရောဂါ ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာ သေဆုံးခဲ့ပြီးနောက် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်နေကြပါတယ်။
ဂိုမာမြို့မှာ အီဘိုလာရောဂါပိုး တွေ့ရှိတယ်လို့ ဇူလိုင်လ ၃၀ ရက်က အတည်ပြု ကြေညာလိုက်ပြီးနောက် လူဦးရေ ၂ သန်းနေထိုင်တဲ့ အဲဒီမြို့မှာ ရောဂါပြန့်ပွားနိုင်တဲ့ အန္တရာယ်မြင့်တက်နေပါတယ်။
ဒါဟာ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါပိုး ပထမဆုံး တွေ့ရှိတဲ့ နေရာနဲ့ မိုင် ၂၂၀ ဝေးတဲ့ ဂိုမာမြို့မှာ ဒုတိယအကြိမ် ရောဂါပိုး ထပ်တွေ့တာပါ။
ပြီးခဲ့တဲ့နှစ်က အီဘိုလာရောဂါကြောင့် ကွန်ဂိုနိုင်ငံမှာ လူပေါင်း ၁,၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အီဘိုလာရောဂါ ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာဟာ ဖျားနေတာ ရက်ပေါင်းများစွာ ကြာနေပြီး ဂိုမာမြို့ အီဘိုလာရောဂါကုသရေး စင်တာကို ရောက်လာတဲ့ ညပိုင်းမှာပဲ သေဆုံးသွားခဲ့တာပါ။
ဂိုမာမြို့မှာ ပထမဆုံး အီဘိုလာရောဂါ ကူးစက်ခံရတဲ့ လူနာကို တွေ့ရှိခဲ့တဲ့ ဇူလိုင်လလယ်ပိုင်း ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
အီဘိုလာရောဂါ လက္ခဏာတွေကတော့ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ ဝမ်းပျက်ဝမ်းလျောတာ၊ အော့အန်တာနဲ့ ကြွက်သားနာကျင်တာတို့ ဖြစ်ပါတယ်။
DVB






0 comments:
Post a Comment