Monday, August 5, 2019

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ၊ မြေနိမ့်ပိုင်းနေသူများ အထူးသတိပြုရန်လို

No photo description available.

မိုးဇလ၏ သြဂုတ် ၅ ရက်၊ (ယ နေ့) မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၂)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း (၂)ပေခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။
Credit - မိုးဇလ
The Ladies News

0 comments:

Post a Comment