Sunday, August 25, 2019

ဟောင်ကောင် ဆန္ဒပြပွဲ ဆက်လက်ပြင်းထန်

Image may contain: 2 people, people standing, child, sky and outdoor
ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ ဟောင်ကောင်မှာ မနေ့က မိုးရွာသွန်းနေပေမယ့် ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ထီးကိုယ်စီနဲ့ ဆက်လက်ရင်ဆိုင်နေကြတဲ့အတွက်၊ အရင်က ထီးလှုပ်ရှားမှုပုံစံမျိုး ဆက်လက်မြင်တွေ့ခဲ့ရပါတယ်။

လူစုမခွဲရင် မီးသတ်ပိုက်တွေကို အသုံးပြုပြီး ဖြိုခွဲမယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ခြိမ်းခြောက်ခဲ့ပေမယ့် ဟန်ပြလောက်သာ ပြုလုပ်ခဲ့ပြီး ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အားကစားရုံတစ်ခုကနေ မိုးရွာနေတဲ့ကြားက ချီတက်ခဲ့ကြတာပါ။
တနင်္ဂနွေနေ့က အဓိက ဆန္ဒပြနေရာတွေအနီးက ဘူတာရုံတွေကို ရထားပို့ဆောင်ရေးဌာနက ဒုတိယအကြိမ်မြောက် ပိတ်လိုက်ပါတယ်။
လာမယ့် အောက်တိုဘာ ၁ ရက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အခါသမယ မတိုင်ခင်၊ ဟောင်ကောင်က မငြိမ်မသက်မှုတွေ ချုပ်ငြိမ်းသွားဖို့ တရုတ်အစိုးရက အလိုရှိနေတာပါ။ လိုအပ်ရင် အင်အားသုံးရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
Photo: Lillian SUWANRUMPHA / AFP

0 comments:

Post a Comment