Sunday, August 25, 2019

အင်ဒိုနီးရှား ခရီးသည်တင်ရေယာဉ် မီးလောင် ၄ ဦး သေဆုံး၊ ပျောက်ဆုံးသူတွေရှိနေဆဲ

Image may contain: 2 people, outdoor
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ ခရီးသည်တင်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး ၄ ဦး သေဆုံးပြီး၊ သုံးဒါဇင်နီးပါး ပျောက်ဆုံးနေပါတယ်။

ခရီးသည် ၂၇၇ ဦးပါ အဲဒီရေယာဉ်ဟာ ဒုတိယအကြီးဆုံးမြို့တော် ဆူလာဘယကနေ ဘော်နီယိုကျွန်း ဘာလစ်ပါပန်မြို့ကိုအသွား ကြာသပတေး ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ 
မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

အင်ဒိုနီးရှားနိုင်ငံမှာ ကျွန်းပေါင်း တစ်သောင်းခုနစ်ထောင် လောက်ရှိပြီး၊ခရီးသည်တင်ရေယာဉ်တွေက အဓိက သယ်ယူပို့ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးစနစ်အားနည်းပြီး မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ခရီးသည် အဆမတန်သယ်ဆောင်လာတဲ့ ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့လို့ ၂၁ ဦး သေဆုံးခဲ့ပါတယ်။ မနှစ်ကလည်း ဆုမာတြကျွန်းမှာ ခရီးသည်တင်ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့လို့ လူ ၁၆၀ လောက် သေဆုံးခဲ့ရပါတယ်။

Photo: Juni Kriswanto / AFP
RFA

0 comments:

Post a Comment