Sunday, August 25, 2019

ဆူဒန်တွင် ပို့တ်ဆူဒန် အရေးအခင်းကို နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေညာ

Image may contain: one or more people, sky, tree and outdoor
ဆူဒန်နိုင်ငံ ပို့တ်ဆူဒန်မြို့မှာ တိုင်းရင်းသားလူမျိုးတွေနဲ့ ရဲတပ်ဖွဲ့တွေ အဓိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံး ခဲ့ရပါတယ်။ ဆူဒန်ရဲ့ အသစ်ဖွဲ့စည်းထားတဲ့ အချုပ်အခြာအာဏာပိုင် အဖွဲ့က ပို့ဆူဒန်ကို အရေးပေါ်အခြေအနေ ကြေညာ ခဲ့ပါတယ်။

ဆူဒန်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ အတိုက်အခံညွန့်ပေါင်းအဖွဲ့တို့ သဘောတူညီမှု ရယူပြီး အချုပ်အခြာအာဏာပိုင် ကောင်စီကို ထူထောင်ပြီး အုပ်ချုပ်နေတာ မကြာသေးပါဘူး။ ပို့တ်ဆူဒန်မှာဖြစ်တဲ့ ပြဿနာကတော့ အခုလအစောပိုင်း တုန်းက လျှပ်စစ်မီး ဖြန့်ဝေရေးအပေါ်မှာ အခြေခံပြီးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ အဲဒီအရပ်မှာ ဘင်နီအာမာ လူမျိုးစုနဲ့ နူဘာလူမျိုးစုကလည်း ကျောင်းတော်က ရန်စတွေ ရှိခဲ့တာပါ။ လူမျိုးစု နှစ်ခု ကြားမှာ လျှပ်စစ်မီး ဖြန့်ဝေရေးနဲ့ ပတ်သက်လို့ ကတောက်ကဆ ဖြစ်ခဲ့ပြီး အချင်းများကြရာကနေ အခုလ ၂၅ ရက်မှာ ရဲတွေပါ ဝင်ပါလာရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။
အချုပ်အခြာအာဏာပိုင် ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အော်လ်တာဟီယာ အဘူဟာဂျာက “အသွင် ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင် ကောင်စီအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ကြားမှာ စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ဖြေရှင်းတဲ့ ပုံစံကို အဓိကထား ကိုင်တွယ်သွားပါတယ်။ အချုပ်အခြာအာဏာပိုင်ကောင်စီဟာ လူမှုရေးနဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ ဖြေရှင်း တာကိုပဲ အားပေးပါတယ်။ ပို့တ်ဆူဒန်ဟာ ဆူဒန်ရဲ့ အဓိက ဆိပ်ကမ်းပါ။ ပို့ဆူဒန်ရဲ့ လုံခြုံရေးကို ထိပါးတာဟာ နိုင်ငံတော် လုံခြုံရေးကို ထိပါးတာနဲ့ အတူတူပါပဲ”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပို့တ်ဆူဒန်ဟာ ဆူဒန်ကနေ ရေနံတွေ အဓိက တင်ပို့တဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။
Image may contain: one or more people, sky and outdoor
Image may contain: one or more people, plant, table and outdoor
Source: Reuters

0 comments:

Post a Comment