Tuesday, June 2, 2020

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သက်မှတ်ထားသော (AA)အဖွဲ့အပါအဝင် MNDAAနှင့်TNLA အဖွဲ့တို့ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အပစ်အခတ်ရပ်စဲရန် တပ်မတော်ကို ကမ်းလှမ်း

(MNDAA)(TNLA)(AA)တို့ပါဝင်ဖွဲ့စည်းထားသော ညီနောင်မဟာမိတ် (၃)ဖွဲ့မှ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တပ်မတော်အားကမ်းလှမ်းသည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနိုင်ရေးအတွက် မေလ (၁၀)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့အထိ နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သက်မှတ်ထားသော (AA)လှုပ်ရှားရာနေရာမပါအား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားဖြစ်သည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့ ထုတ်ပြန်ချက်တွင် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် နှစ်ဦးနှစ်ဖက် တစ်ပြိုင်နက်တည်း အပစ်ရပ်စဲရေးအား အတူတကွ ပူးတွဲကြေညာရန် စိတ်ရင်းစေတနာအမှန်ဖြင့် ကမ်းလှမ်းခြင်းဖြစ်ကြောင်း ၎င်းတို့ ၃ ဖွဲ့က ပြောကြားထားသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ သုံးလတာအချိန် ကာလအား ဆဋ္ဌမအကြိမ်မြောက်အဖြစ် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် တပ်မတော်နှင့် ၎င်းတို့အဖွဲ့အစည်းများအကြား နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် ဆောင်ရွက်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းသွားစေရန်နှင့် Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အထောက် အကူပြုရန်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

0 comments:

Post a Comment