Tuesday, June 2, 2020

မူဆယ်က COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် နံပါတ် (၂၃၁)သည်ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရ

ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးတဲ့အဖွဲ့ထဲကဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ လူနာနံပါတ် (၂၃၁) က မူဆယ်မှာနေထိုင်တဲ့ အသက်(၃၀)နှစ်အရွယ် အမျိုးသမီးလူနာက ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးတဲ့ အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
“ သူက ကျန်းမာရေးဝန်ထမ်းပါ။ သူတာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံကိုတော့ အတိအကျမသိရသေးဘူး။ ဒါပေမယ့် COVID စဖြစ်ခဲ့ကတည်းက ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေး စစ်ဆေးတဲ့နေရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတာပါ။ သူက အဓိကပြည်ပကပြန်လာတဲ့သူတွေဝင်လာတဲ့ နန်းတော်ပေါက်ဆိုတာရှိတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ”လို့ မူဆယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းကိုကို၏ ပြောကြားချက်အရ သိရှိရပါသည်။
Crd : Duwun

0 comments:

Post a Comment