Tuesday, June 2, 2020

ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဂျပန်နိုင်ငံကုန်သွယ်ရေးဝန်ကြီး ပြောကြား

ဂျပန်နိုင်ငံသည် နည်းပညာဆိုင်ရာပစ္စည်းများ တင်ပို့မှုတွင် ကန့်သတ်ချက်များ ဖယ်ရှားပေးရန် တောင်ကိုရီးယားနိုင်ငံ၏ တောင်းဆိုမှုကို ငြင်းဆိုလျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံနှင့် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဂျပန်နိုင်ငံကုန်သွယ်ရေးဝန်ကြီးမှ ဇွန်လ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။
မေလကုန်တွင် တောင်ကိုရီးယားနိုင်ငံသည် ပို့ကုန်ထိန်းချုပ်မှုအပေါ် ဂျပန်နိုင်ငံ၏ သဘောထားကို ထုတ်ဖော်ပြောကြားပေးရန် ဂျပန်နိုင်ငံအား တောင်းဆိုခဲ့သော်လည်း ၎င်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားရန် ဂျပန်နိုင်ငံမှ ငြင်းဆိုခဲ့ပါသည်။
တောင်ကိုရီးယားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ဂျပန်နိုင်ငံ လုပ်ဆောင်မည့် အစီအစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားရန် မသင့်တော်ကြောင်း ကုန်သွယ်ရေး ဝန်ကြီး Hiroshi Kajiyama မှ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ ပါသည်။
လွန်ခဲ့သောနှစ် ဇူလိုင်လတွင် ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့သော semiconductor များ ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ပစ္စည်း ၃ မျိုးအပေါ် ပို့ကုန်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုသည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် Chip ထုတ်လုပ်မှုကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များကို ခြိမ်းခြောက်လျက်ရှိပါသည်။
Source : Channel News Asia
“Japan talking with South Korea about export controls: Trade minister”

0 comments:

Post a Comment