Tuesday, June 2, 2020

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်အဆင့်ရှိ ရထားရဲတပ်ဖွဲ့မှူးကို ထုတ်ပယ်ပြီး ထောင်၁နှစ်ပြစ်ဒဏ်ချမှတ်အရေးယူထားကြောင်းသိရ


ရထားရဲတပ်ဖွဲ့မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ရဲမှူးချုပ်အဆင့်ရှိ ထိပ်တန်းရဲအရာရှိကြီးတစ်ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပယ်လိုက်ပြီး ထောင်၁နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ရထားရဲတပ်ဖွဲ့မှူးရဲမှူးချုပ်မိုးသန်းအောင်အား စုံခုံ၊သက်ချုပ် လုပ်ကာ စစ်ဆေးခဲ့သည့်သတင်း၊ရဲတရားရုံးသို့ တင်ပို့ စစ်ဆေးခဲ့သည့် သတင်းအား Myanmar Harpက သိရှိခဲ့ရပြီးနောက် ဆက်လက်စုံစမ်းမှုအရ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ကာ ထောင်ဒဏ် ၁နှစ်ချလိုက်သည့် သတင်းကို ရရှိခဲ့ခြင်းဖြစ်သည်။
မည်သည့်ကိစ္စကြောင့် အရေးယူခဲ့ပါသနည်း ဆိုသည့် မေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ထံ Myanmar Harp က ဆက်သွယ်မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့ခေါင်းဆောင်က ရဲတပ်ဖွဲ့ထံမေးမြန်းရန် ညွှန်းဆိုခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပေ။
သို့ရာတွင် အဆိုပါရဲမှူးချုပ်ကို ရမည်းသင်းအကျဉ်းထောင်သို့ ယမန်နေ့က ပို့ဆောင်ခဲ့သည်ဟု အမည်မဖော်လိုသူခိုင်မာသည့်သတင်းရင်းမြစ်တစ်ဦးက Myanmar Harp ကိုပြောသည်။
“ရမည်းသင်းထောင်ကို မနေ့က လာပို့သွားပါတယ်၊အဲ့ဒီ့သတင်းဟုတ်ပါတယ်”ဟု ၎င်းကပြောသည်။
ယခုဖြစ်စဉ်မှာ ၂၀၁၀နောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်အဆင့်ရှိ ထိပ်တန်းရဲအရာရှိကြီးအဆင့်ရှိသူအား အလုပ်မှထုတ်ပြီး နယ်ဘက်တရားရုံးသို့ ထောင်ဒဏ်ချမှတ်လိုက်သည့် ဒုတိယမြောက်ဖြစ်စဉ်ဖြစ်ကြောင်းသိရပြီး၊ပြီးခဲ့သည့် ၂၀၁၇ခုနှစ်ကလည်း စီမံခန့်ခွဲရေးကိစ္စနှင့်စပ်လျဉ်းပြီး ရခိုင်နယ်ခြားရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သေးကြောင်းသိရှိရသည်။
ယခုကဲ့သို့ ရဲမှူးချုပ် ၁ ဦး အရေးယူခံရသည် ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံးဖြစ်သည်။
Crd : Myanmar Harp

0 comments:

Post a Comment