အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ အရေအတွက် များပြားလာတဲ့အတွက် ကုတင်အခက်ခဲကို ကျော်လွှားရန် ကတ္ထူစက္ကူတွေကိုအသုံးပြုပြီး အိပ်ယာပြုလုပ်လာတာကိုတွေ့ရပါတယ်။ ရေစိုခံပါရှိတဲ့ ကတ္ထူတွေကို အသုံးပြုထားတဲ့ ကုတင်ဟာ အလေးချိန် ပေါင် ၆၆၀ အထိ ခံနိုင်ရည်ရှိပြီး တန်းဖိုးနည်း အိပ်ယာတွေဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် အသွားအလာကန့်သတ်ထားစဉ် အိပ်ယာဒီဇိုင်းထုတ်ခဲ့တဲ့ ဗိုက်ရမ် ဒါဝမ် က ပြောပါတယ်။
ဒါဝမ်တို့ ညီအကို ထုတ်လုပ်လိုက်တဲ့ ကတ္ထူအိပ်ယာတွေဟာ လူတစ်ယောက်တည်းက သယ်ယူရန် ဖြစ်နိုင်တဲ့ အလေးချိန်ဖြစ်ပြီး မိနစ်ပိုင်းအတွင်း အိပ်ယာတစ်ခုအဖြစ် ထုတ်နိုင်ကြောင်း သိရပါတယ်။
နယူဒေလီမြို့အပြင်ရှိ ယာယီဆေးရုံအတွက် ကတ္ထူအိပ်ယာ ၁၀,၀၀၀ ပြင်ဆင်ထားကြောင်း ၊ မွမ်းဘိုင်းရှိဆေးရုံတွေမှာလည်း ဗိုင်းရပ်စ်ရောဂါပိုးကုသရန် အတွက် ကတ္ထူအိပ်ယာတွေကို အသုံးပြုထားကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုး ရဲ့ သက်တမ်းဟာ ကတ္ထူစက္ကူပေါ်မှာ ၂၄ နာရီသာ အသက်ရှင်နိုင်ပြီး သတ္တု၊ သစ်သားနဲ့ ပလပ်စတစ်မျက်နှာပြင်မှာ ဗိုင်းရပ်စ်ပိုးဟာ သုံးရက်ကနေ လေးရက်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါကလည်း ကတ္ထူအသုံးပြုရခြင်းရဲ့ အားသာချက်လို့ ဆိုနိုင်ကြောင်း ဒါဝမ်က ပြောပါတယ်။
ဒါဝမ်ညီအကိုထုတ်လုပ်တဲ့ ကတ္ထူကုတင်ဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာသာ ရှိကြောင်း၊အဲဒီငွေကြေးဟာ စားသောက်ဆိုင်မှာ စားတဲ့ ပမာဏသာဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးအလွန်ကာလမှာလည်း သူတို့ရဲ့ ထုတ်ကုန်ဟာ ဈေးကွက်မှာ တွေ့ရမှာဖြစ်ကြောင်း သိရပါတယ်။
Ref ; AFP / MDN
0 comments:
Post a Comment