စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာ၊ နည်းပညာတက္ကသိုလ်ကျောင်းအနီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ မိုင်းခွဲတိုက်ခိုက် မပေါက်သေးသောမိုင်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ ၂၀၂၀ခုနှစ်၊ ဇွန်လ၊ ၂၇ ရက်နေ့ နေ့ခင်းပိုင်း ၁နာရီ ၂၅ မိနစ်အချိန်ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများမှ ရခိုင်ပြည်နယ်၊ အစိုးရရုံးစိုက်ရာစစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာအနီးရှိ GTC ကျောင်းရှေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းများမှ လိုက်လံရှင်းလင်းခဲ့ရာ ကျောင်းအနီးတွင် မပေါက်ကွဲသေးသော မိုင်းများထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ နေ့ခင်း ၁ နာရီခွဲလောက် GTC ကျောင်းနားမှာကွဲတာ၊ အရပ်သားထိခိုက်မှုရှိမရှိတော့မသိဘူး၊ ကျောင်းနားမှာ မိုင်းတွေထပ်တွေ့ တယ်လို့တော့ကြားတယ်၊ စစ်ကြောင်းတွေလည်းမရှိဘဲ ဒီအတိုင်းခွဲတာ၊ ကိုယ့်လူမျိုးတွေအများကြီး ရှိတဲ့နေရာမှာ ဒီလိုခွဲတာတော့ မဖြစ်သင့်ဘူး၊ ဖြစ်ချင်ရင်တောထဲသွားဖြစ်ပေါ့ဗျာ၊ အခုက လူထုအ ကြောက်တရားဖြစ်အောင် အကြမ်းဖက်သမားဆန်ဆန်လုပ်လာတာတော့ လွန်နေပြီ” ဟု ရေချမ်းပြင်ကျေးရွာသားတစ်ဦးမှ May Yu Htar Nay သို့ အတည်ပြု ပြောဆိုသည်။
ထိုကဲ့သို့ AA အကြမ်းဖက်သောင်းကျန်းသူများမှ လူထူထပ်ရာနေရာတွင် အကြမ်းဖက် မိုင်းဖောက်ခွဲခဲ့တာကြောင့် ဒေသခံများမှ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။
Source - May Yu Htar Nay
0 comments:
Post a Comment