မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ ဆင်းကတ်များကို ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းမှာ ဖျက်သိမ်းခံရမှာဖြစ်ပြီး၊ သည်ဆင်းကတ်များမှ ကျန်ရှိသော သုံးစွဲသူလက်ကျန်ငွေအားလုံးကို PTD ရဲ့ ညွှန်ကြားချက်အတိုင်း အစိုးရသို့ လွှဲပြောင်းပေးသွားမယ်လို့ တယ်လီနောမြန်မာက သတင်းထုတ်ပြန်ထားပါတယ်။
သည်ဖျက်သိမ်းခံရတဲ ဆင်းကတ်သုံးစွဲသူများဟာ လျော်ကြေးမျှရရှိမှာ မဟုတ်တဲ့အပြင် ဇွန် ၃၀ နောက်ပိုင်းမှာ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်း များကိုလည်း ပြုလုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD)ရဲ့ လမ်းညွှန်ချက်များအရ ဆင်းကတ်အားလုံးဟာ စိစစ်အတည် ပြုနိုင်တဲ့ သက်သေခံကတ် (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) နဲ့ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။
သုံးစွဲသူတစ်ဦးချင်းစီဟာ အော်ပရေတာတစ်ခုကို ဆင်းကတ် ၂ ခုသာ ကိုင်ဆောင်ခွင့်ရှိမှာဖြစ်ပြီး၊ သည်လမ်းညွှန်ချက်များဟာ မြန်မာနိုင်ငံရှိ မိုဘိုင်းအော်ပရေတာအားလုံး တန်းတူညီမျှ လိုက်နာလုပ် ဆောင်ရမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆက်သွယ်ရေးကွန်ရက်ကတစ်ဆင့် အင်တာနက်ကို ချောမွေ့စွာသုံးစွဲနိုင်ရန်၊ သုံးစွဲသူတို့ရဲ့ လက်ရှိလက်ကျန်ငွေများ မဆုံးရှုံးစေဖို့နဲ့ ဆုလက်ဆောင်အဖြစ် ပေးအပ်တဲ့ ဒေတာ 5 GB အထိ သို့မဟုတ် မြန်မာငွေကျပ် ၁၀၀၀ အထိကို ဆုလက်ဆောင်အဖြစ်ရယူပြီး သုံးစွဲသူများအနေနဲ့ ဆင်းကတ်များ အား ချက်ချင်းမှတ်ပုံတင်ကြဖို့ တယ်လီနောမြန်မာမှ တိုက်တွန်းထားပါတယ်။
ဆင်းကတ်ပြန်လည်မှတ်ပုံတင်ပြီးပါက မိမိတို့ရဲ့ မိုဘိုင်းဖုန်းနံပါတ်နဲ့ ချိတ်ဆက်ထားတဲ့ လူမှုမီဒီယာအကောင့်များ၊ အွန်လိုင်းငွေပေးချေမှုများ၊ Direct Carrier Billing services နဲ့ အပိုထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို အဆင်ပြေချောမွေ့စွာ ဆက်လက် အသုံး ပြုနိုင်။ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းကို အခမဲ့လုပ်ဆောင်နိုင်ပြီး အွန်လိုင်းချန်နယ်များမှလည်း တစ်ဆင့် မှတ်ပုံတင်နိုင်တယ်လို့ သိရပါတယ်။
Ref ; Kumudra
0 comments:
Post a Comment