Saturday, June 27, 2020

ပေါင်မြို့နယ်တွင် Q စခန်းအတွင်း သူခိုးဝင် ငွေ သိန်း ၂၀ကျော်နှင့် ဖုန်းလေးလုံးအခိုးခံရ

ပေါင်မြို့နယ် ကတွန်ကျေးရွာအလယ်ကျောင်း ဘုန်းကြီးကျောင်း၌ ထိုင်းပြန် ၆ ဦးကို COVID 19 နှင့်ပတ်သက်၍ စခန်းသွင်းစောင့်ကြည့်ထား ရာ ဇွန် ၂၆ ညပိုင်းတွင် ထိုင်းဘတ်ငွေ နှင့် မြန်မာကျပ်ငွေ တန်ဖိုးသိန်း ၂၀ ကျော်အပါ အဝင် ဖုန်း၄လုံးအား ခိုးယူ ခြင်းခံရသည်။ လူ ၆ ဦးရှိပြီး ၄ ဦးထံမှ ပစ္စည်းနှင့်ငွေများ အခိုးခံရခြင်းဖြစ်သည်။
Qစခန်းများ၌ ကြီးကြပ်ရေးအဖွဲ့အင်အားဖွဲ့စည်းပုံ သတ်မှတ်ထားရှိသော်လည်း မြေပြင်အနေအထားနှင့် လွဲချော်နေသည်ကို ကြပ်မတ်လေ့လာမှု အားနည်းခြင်းက ယခုကဲ့သို့ ရှက်ဖွယ်လိလိ ဖြစ်ရပ်များကသက်သေပင်ဖြစ် ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
Source - Paung Daily

0 comments:

Post a Comment