မြန်မာနှင့်အိန္ဒိယနယ်စပ်တွင် အိန္ဒိယစစ်တပ်က ကင်းလှည့်စဉ် မြန်မာနိင်ငံဘက်ခြမ်းသို့ ရောက်လာခြင်းကို တားဆီးရန် နှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပန်ဆောင် မြို့နယ်နှင့် ထိစပ်နေသော နယ်စပ်တစ်နေရာကို မြန်မာဘက်က ခြံစည်းရိုးခတ်၍ပိတ်လိုက်သည်။
အိန္ဒိယနိုင်ငံ နန်ပေါင်မြို့နှင့် ထိစပ်နေပြီး စစ်ကိုင်းတိုင်းဒေသ ကြီးတွင်ပါဝင်သော နာဂတောင် တန်းဒေသ ပန်ဆောင်မြို့တွင်နယ် စပ်ခြံစည်းရိုးခတ်ခြင်းကို ဇွန်လ ၂၅ရက်က ပြုလုပ်ခဲ့သည်ဟု ပန် ဆောင်မြို့နယ် အုပ် ချုပ်ရေးမှူး ဦးမျိုးမင်းဦးကပြောသည်။
‘‘ဟိုဘက်မှာ အိန္ဒိယတပ် တစ်တပ်ရှိတယ်။ သူတို့ကပတ် ကင်းလှည့်ရင် ဒီဘက်ကိုရောက် ရောက်လာတယ်။ ဟိုဘက်မှာက လည်း ကိုဗစ်ရောဂါဖြစ်နေတော့ ဒီဘက်ကပြည်သူတွေကလည်းစိုး ရိမ်နေကြတယ်’’ဟု ဦးမျိုးမင်းဦး ကပြောသည်။
အိန္ဒိယစစ်တပ်က ကားဖြင့် ကင်းလှည့်စဉ် လမ်းပြေပြစ်သော မြန်မာဘက်ခြမ်းသို့ ဝင်ရောက် လာလေ့ရှိသည်ဟု ၎င်းကဆို သည်။
ပန်ဆောင်မြို့နယ်မှ ဌာန ဆိုင်ရာများနှင့် နာဂရိုးရာယဉ် ကျေးမှုအဖွဲ့ တာဝန်ရှိသူများ၊ ဒေ သခံများအစည်း အဝေးပြုလုပ်ပြီး နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မှတ် တိုင်အမှတ် (၁၇၃) နေရာတွင် နယ်စပ်ခြံစည်းရိုးပိတ်ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခင်က ဖြတ်သန်းသွားလာခဲ့ သော ယင်းနေရာအနီးတွင် သစ် သားတိုင်များစိုက်၍ သံဆူးကြိုး ကာရံကာ မြန်မာဘက်ကပိတ် ထားလိုက်သည်။
မြန်မာဘက်က ခြံစည်းရိုး ခတ်နေစဉ် အိန္ဒိယဘက်ခြမ်းတွင် အိန္ဒိယတပ်မတော်သားအချို့ ရှိ နေသည်ကို တွေ့ရသည်။ ‘‘အဓိကကတော့ ပြည်သူ တွေ စိတ်လုံခြုံမှုရှိအောင်ကာ လိုက်တာ’’ဟု ဌာနဆိုင်ရာအရာရှိ တစ်ဦးကပြောသည်။
အိန္ဒိယနှင့် နယ်စပ်ဖြစ်သော ပန်ဆောင်မြို့သည် ရပ်ကွက် သုံးခု ကျေးရွာ ၁၂ ရွာဖြင့်ဖွဲ့စည်း ထားပြီး လူဦးရေ ၁၇၀,၀၀၀ ခန့် နေထိုင်သည်။
ယခုအခါ အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံထား ရသူ ငါးသိန်းနီးပါးအထိ များပြား နေပြီး ဇွန်လ ၂၆ရက်အထိ သေ ဆုံးသူ ၁၅,၀၀၀ ကျော်နေပြီဖြစ် သည်။ ထို့ကြောင့် ယင်းရောဂါပျံ့ နှံ့ကူးစက်မည်ကို ပန်ဆောင်မြို့ ဒေသခံများကစိုးရိမ်နေသည်။
Ref ; 7Day
0 comments:
Post a Comment