
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကြည့်ရှုရာတွင် လူစုလူဝေးဖြစ်နိုင်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်းကြည့်ရှုနိုင်ရန် မိုဘိုင်းအက်ပလီကေးရှင်းကို စီစဉ်လျက်ရှိ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဇွန် ၁၀ ရက်တွင် ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲကို ကိုဗစ်(၁၉) ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်း အဝေးကို ဇွန် ၁၀ ရက် နံနက်၁၀ နာရီက နေပြည်တော်ရှိ ပြည် ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲသည် ကိုဗစ်(၁၉) ကာလနှင့် တိုက်ဆိုင်နေသည့်အတွက်ရွေး ကောက် ပွဲ လုပ်ငန်းစဉ်များကို ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ဆောင် ရွက်ရန် လိုအပ် ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအနက်မှ မဲစာရင်းကပ်ထားကြေညာသည့်ကာလ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့် နေ့တို့တွင် ပြည်သူလူထုစုဝေးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မဲစာရင်းတွင် မိမိအမည်ပါမှသာ မဲပေးနိုင်မည်ဖြစ်သည့် အတွက် မဲစာရင်းကပ်ထားကြေညာသည့် အချိန်တွင် မဲဆန္ဒ ရှင်များအနေဖြင့် မဲစာရင်း လာရောက်ကြည့်ရှုရမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဇွန် ၁၀ ရက်တွင် ပြောကြားသည်။ထို့ပြင် ၎င်းက၂၀၂၀ပြည့်နှစ်အထွေထွေ ရွေးကောက် ပွဲအတွက် မဲရုံ ပေါင်း ၄၀၀၀၀ ကျော်လျာထားပြီး မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော်ရှိကြောင်း ပြော ကြား သည်။
ထို့နောက် ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်ပြည်သူများ မဲရုံတွင် မဲစာရင်း ကြည့်သည့်အချိန်နှင့် မဲပေးခြင်းဆောင် ရွက်သည့်အချိန်တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ မည် သို့ဆောင်ရွက်ရမည်ကို သရုပ်ပြ မဲရုံများ ပြသပြီး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲကို ချမှတ်ထား သည့် စံငါးချက်နှင့်အညီ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်(၁၉) ရောဂါ ကြောင့် မဲဆန္ဒရှင်ပြည်သူများ စိုးရိမ်စိတ် မရှိစေဘဲ စိတ်အေးချမ်းစွာ မဲပေးနိုင် ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ် များကို တက်ရောက်လာကြသည့် တာဝန် ရှိသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေး နွေးပေးစေလိုကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါအစည်းအဝေးသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် International Foun-dation for Electoral Systems (IFES) အဖွဲ့မှ တာဝန်ရှိသူများ တက် ရောက်ကြကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ယခုအချိန်ကာလသည် ကမ္ဘာတစ် ဝန်း ကိုဗစ်(၁၉) ရောဂါ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ်(၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားနေသည့်အချိန် ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်(၁၉) ရောဂါနှင့်ပတ်သက်၍ ထုတ် ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ပြည့်နှစ် နှောင်းပိုင်းကာလတွင် ကျင်းပ ပေးရမည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲများသည် ပုံမှန် အခြေအနေတွင် ကျင်းပခဲ့ခြင်းဖြစ် ကြောင်း ဦးလှသိန်းက ပြောကြားသည်။
Ref ; The Standard Time Daily






0 comments:
Post a Comment