Saturday, June 27, 2020

တောင်တွင်ကြီးမြို့ကို အမှိုက်ကင်းစက်စေရန်အတွက် ပလတ်စတစ်အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်ပေးနေ

COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာဖြန့်ဝေပေးရန်၊ သီးနှံစိုက်တောင်သူများအတွက် သီးနှံဈေးကွက် ရရှိစေရန်နှင့် တောင်တွင်းကြီးမြို့ကို အမှိုက်ကင်းစင်သည့်မြို့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး ဇွန်လ(၂၆)ရက်နေ့တွင် ပလတ်စတစ်အမှိုက်နှင့် စားနပ်ရိက္ခာ လဲ လှယ်ပေးမည်ဖြစ်ကြောင်း သိရပါသည်။
ပလတ်စတစ်အမှိုက် ကျန်ကျောင်းအိတ်တစ်အိတ်စာ ယူလာသူတိုင်း ဆန်၊ ခေါက်ဆွဲခြောက်ထုပ်၊ ကြက်ဉ၊ ကန်စွန်းရွက်၊ ခရမ်းသီးနှင့် ငရုတ်သီးစိမ်းပါဝင်သော စားနပ်ရိက္ခာဝေစုတစ်စု ရရှိမည်ဖြစ်ကြောင်း သိရပါသည်။

ယခုလို လဲလှယ်ပေးမှုမှာ စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရပါသည်။
Source : mrtv

0 comments:

Post a Comment