
စင်္ကာပူသို့ Covid-19 ရောဂါအတွက်မဟုတ်ပဲ ဆေးကုသမှုခံယူရန် ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ မေ ၁၅-ရက်နောက်ပိုင်း စင်္ကာပူ၌ ပြည်ပမှဝင်ရောက်လာသူတို့တွင် ဗိုင်းရပ်စ်ကူးစက်မှု့ ပထမဆုံးအကြိမ်တွေ့ရှိခြင်းဖြစ်သည်ဟု စင်္ကာပူအခြေစိုက် The Strait Times နှင့် ဘင်္ဂလားမီဒီယာများက ယနေ့ရေးသားသည်။
အဆိုပါလူနာမှာ စင်္ကာပူနိုင်ငံသို့ ဇွန်လ ၁၀-ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်ပြီး Covid-19 ရောဂါဖြစ်ပွားသည့် လက္ခဏာပြသခြင်းမရှိသည့်အပြင် ကာယကံရှင်ကိုယ်တိုင်ပင်လျှင် ရောဂါကူးစက်ခံထားရသည်ကို သံသယမရှိဟု ဆိုကြောင်း၊ ထိုစဉ်က ကောက်ယူခဲ့သည့် စမ်းသပ်မှုနမူနာများမှာ စုစုပေါင်း ၄၀,၆၀၄ ဦးထံမှဖြစ်၍ အတည်ပြုခံရသူ ၄၀၆-ဦးအနက် တစ်ဦးဖြစ်ကြောင်း၊ စင်္ကာပူကျန်းမာရေးဝန်ကြီးဋ္ဌာန MOH ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။
လူနာအားစင်္ကာပူသို့ရောက်သည့်အချိန်မှစ၍ နေအိမ်တွင်သာနေထိုင်ရန် အသိပေး အကြောင်းကြားထားခဲ့ကြောင်း၊ စင်္ကာ ပူနိုင်ငံအတွင်း ဆေးဝါးကုသမှုဆိုင်ရာ ကိစ္စရပ်များအတွက် လာရောက်ခေါ်ဆောင်မှသာ သတ်မှတ်ထားသည့် နေရာမှထွက်ခွာနိုင်ရန် အာဏာပိုင်များက စီစဉ်ထားရှိကြောင်း၊ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ခြေရာကောက်ရှာဖွေလျှက်ရှိပြီး တွေ့ရှိသူများအား ကွာရန်တင်း ရောဂါခြေချုပ် ချထားလျှက်ရှိကြောင်း ဝန်ကြီးဌာနက ထပ်လောင်း ပြောကြားသည်။
၎င်းလူနာမှာ စင်္ကာပူတွင် ကာလရှည်နေထိုင်ခွင့် ရရှိသူမဟုတ်ကြောင်း၊ စင်္ကာပူနိုင်ငံသည် မတ်လကုန်မှစ၍ ကာလတိုလာရောက်လည်မှုများအား ပိတ်ပင်ထားခဲ့ရာ ဆေးဝါးကုသမှုခံယူရန်လိုအပ်သူများ၏ အခြေအနေ အရပ်ရပ်ကြောင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီလတွင် ဝင်ရောက်လာသူ ၇၄၈-ဦးရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ရက် ၁၀၀ အတွင်း တောင်အာရှဒေသ၏ ကိုရိုနာရောဂါ ဖြစ်ပွားမှုတွင် ဘင်္ဂလားဒက်ရှ်သည် အဆိုးရွားဆုံးဖြစ်ကြောင်း Dhaka Tribune က ယနေ့ရေးသားထားသည်ကို တွေ့ရှိရသည်။
မတ်လ ၈-ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုစတင်တွေ့ရှိခဲ့ရသော ဘင်္ဂလားဒက်ရှ်သည် ထိုမှ ရက်ပေါင်း ၁၀၀ ပြည့်သည့် ယမန်နေ့ညနေတွင် ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိသူ ၈၇,၅၂၀- ဦး ရှိနေကြောင်း၊ အဆိုပါ အရေအတွက်မှာ အိမ်နီးချင်း အိန္ဒိယ၏ ရက်ပေါင်း ၁၀၀ ၌ အရေအတွက်ထက် ၅၅-ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး တောင်အာရှနိုင်ငံများတွင် သာမက တရုတ်နိုင်ငံထက်ပင် ပိုမိုများပြားနေကြောင်း၊ ဗိုင်းရပ်စ်ရောဂါစတင်ဖြစ်ပွားပြီး ရက်ပေါင်း ၁၀၀ အတွင်း လူသေဆုံးနှုန်းကို နှိုင်းယှဉ်လျှင်မူ တရုတ်သည် ( ၄,၆၃၂-ဦး ) အိန္ဒိယ ( ၁,၈၈၉-ဦး ) ပါကစ္စတန် ( ၁,၆၈၈-ဦး ) ဖြစ်၍ ဘင်္ဂလားဒက်ရှ်တွင် ၁,၁၇၁-ဦး ရှိနေကြောင်း။
Covid-19 ရောဂါဖြစ်ပွားမှု၌ ဘင်္ဂလားဒက်ရှ်သည် တောင်အာရှနိုင်ငံများတွင် တတိယအဆိုးရွားဆုံးဖြစ်သော်လည်း နိုင်ငံလူဦးရေအလိုက် လူ ၁-သန်းလျှင်ရောဂါဖြစ်ပွားနှုန်းအရမူ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် တရုတ် ( ၅၈-ဦးနှုန်း ) နှင့် အိန္ဒိယ ( ၂၃၃-ဦးနှုန်း ) တို့ကို ကျော်လွန်ကာ ၅၃၂-ဦး နှုန်း ရှိနေကြောင်း၊
အလားတူပင် လူ ၁-သန်းလျှင် သေဆုံးနှုန်းမှာ တရုတ် ၃-ဦးနှုန်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်က ၇-ဦးနှုန်းစီ၊ ပါကစ္စတန်က ၁၂-ဦးနှုန်းရှိနေကြောင်း သတင်း၌ ဆက်လက် ဖော်ပြသည်။




Source - Htay Oung






0 comments:
Post a Comment