
အာဖရိကန် အမေရိကန် လူမည်းအမျိုးသား အသက် ၄၆ နှစ်အရွယ် George Floyd ကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း Derek Chauvin ကို တနလာင်္နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး Minneapolis တရားသူကြီးက အာမခံကြေး ဒေါ်လာ ၁ သန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။
မင်နီဆိုးတား ပြည်နယ် တရားသူကြီး တဦး ဖြစ်တဲ့ Jeannice Reding ကရဲတပ်ဖွဲ့ဝင်ဟောင်း Chauvin အတွက် ကန့်သတ်ချက်တွေ ပါဝင်တဲ့ အာမခံကြေး ဒေါ်လာ ၁ သန်း၊ ကန့်သတ်ချက် မပါတဲ့ အာမခံကြေး အဖြစ် ဒေါ်လာ ၁ သန်း ၂သိန်းခွဲ သတ်မှတ်ခဲ့ပါတယ်။ ကန့်သတ်ချက်တွေကတော့ Chauvin အနေနဲ့ လက်နက်တွေ အပ်ရမှာ ဖြစ်သလို ၊ တရားဥပဒေ စိုးမိုးရေး ဒါမှမဟုတ်လည်း လုံခြုံရေးနဲ့ ပတ်သက်ပြီး မလုပ်ဖို့၊ နောက် ပြည်နယ်ကနေ ထွက်မသွားပါဘူးလို့ သဘောတူရမှာ ဖြစ်သလို Floyd ရဲ့ မိသားစုနဲ့လည်း မဆက်သွယ်ဖို့ သဘောတူရမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ နောက်တကြိမ် ရုံးထုတ်ဖို့လည်း တရားသူကြီးက သတ်မှတ်ခဲ့သည်။
မင်နီဆိုးတား ပြည်နယ် အကျဉ်းထောင်က ဗွီဒီယိုမှာ Derek Chauvin ကိုတွေ့ရပြီး သူ့ကိုတော့ Second degree murder -ကြိုတင်ရည်ရွက်ချက် မပါတဲ့ လူသတ်မှုစွဲချက်၊ နောက် Third degree murder - မတော်တဆ ဖြစ်ခဲ့တဲ့ လူသတ်မှု စွဲချက်၊ နောက် လူသေမှု စွဲချက် စုစုပေါင်း စွဲချက် သုံးခုတင်ထားပါတယ်။
အပြစ်ရှိ မရှိ ပြောစရာ မလိုတဲ့ တရားရုံး လုပ်ထုံး လုပ်နည်းဆိုင်ရာ ကြားနာမှုမှာတော့လိမ္မော်ရောင် ထောင်ဝတ်စုံ ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း အသက် ၄၄ နှစ်အရွယ် Chauvin က စိတ်လှုပ်ရှားမှု တစုံတရာမပြဘဲ မေးခွန်းတွေကို ဖြေကြားသွားပါတယ်။
George Floyd သေဆုံးမှုကြောင့် နိုင်ငံ တဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။ လက်ထိပ်ခတ်ထားတဲ့ Floyd ရဲ့ လည်ပင်းပေါ်မှာ Derek Chauvin က ဒူးနဲ့ ထောက်ထားတာကို မေလ ၂၅ ရက်က ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။


Crd : VOA






0 comments:
Post a Comment