Tuesday, June 2, 2020

သြစတြေးလျ Panaust ကုမ္ပဏီက စစ်ကိုင်းတိုင်းတွင် ရွှေနှင့် ကြေးနီ တူးဖော်ရှာဖွေရန် မြေဧက ၁၈၀,၀၀၀ ကျော် လုပ်ကိုင်ခွင့်ရ

ဩစတြေးလျ ကုမ္ပဏီ Panaust က စစ်ကိုင်းတိုင်းတွင် သတ္တုရှာဖွေတူးဖော်ရန် မြေဧက နှစ်သိန်းနီးပါး (၁၈၅,၀၀၀) ကို လုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီအမှုဆောင် ဥက္ကဋ္ဌ ဒေါက်တာကွင်ရန်က ပြောကြားသည်။
အဆိုပါကုမ္ပဏီသည် ရွှေ နှင့်ကြေးနီတူးဖော်ရှာဖွေရန် မြန် မာနိုင်ငံတွင် မြေဧက ၃၇၀,၀၀၀ ၌ လိုင်စင်ခုနစ်ခု ရရှိထားပြီး ယခု လုပ်ကိုင်ခွင့် အသစ်ထပ်မံရရှိခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ရဲ့ လုပ်ငန်း အတွက် ဆက်စပ်ပစ္စည်းများက လာအိုနိုင်ငံမှာ ရှိနေတာကြောင့် COVID-19 ခရီးသွားလာရေး ကန့်သတ်မှုများအရ စိတ်ချလုံ ခြုံစွာ ပြန်လည်လုပ်ကိုင်နိုင်တဲ့အ ချိန်ကျရောက်တဲ့အခါ ယခုလုပ် ကွက်များကို သွားရောက်စစ်ဆေး ရန် သတ္တုရှာဖွေရေးအဖွဲ့ကို စေ လွှတ်သွားမယ်’’ ဟု ဒေါက်တာ ကွင်ရန်က ပြောသည်။
ထိုလိုင်စင်ရရှိရန် ကုမ္ပဏီ က လပေါင်း ၂၀ ကျော်ကြာ အောင် ကြိုးစားခဲ့ရပြီး မေလ ၂၇ ရက်တွင် ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ အဆိုပါလုပ် ကွက်များကို Wintho Resources Company အနေဖြင့်ရရှိခဲ့ခြင်းဖြစ်သည်။
Panaust သည် ပြည်တွင်းရှိ Wintho Resources Company Limited (WRCL) ကုမ္ပဏီတွင် ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင် ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို Myanmar Energy Resources Group International Company က ပိုင်ဆိုင်ထားသည်။
အဆိုပါကုမ္ပဏီသည် စစ် ကိုင်းတိုင်း ဝန်းသိုဒေသအတွင်း ကြေးနီနှင့် ရွှေ ရှာဖွေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်နေ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအပြင် လာအို၊ ချီလီ၊ ပါပူးဝါးနယူးဂီနီနိုင်ငံတို့တွင်လည်း ရွှေနှင့် ကြေးနီ တူးဖော်နေသည့် ကုမ္ပဏီဖြစ် သည်။
Crd : 7 Day

0 comments:

Post a Comment