Tuesday, June 2, 2020

ရုရှားနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ရေးအတွက် ဇူလိုင်လ ၁ ရက်နေ့တွင် မဲပေးရမည်ဖြစ်ကြောင်း ရုရှားသမ္မတ Putin မှ ပြောကြား

ရုရှားသမ္မတ putin သည် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ ခြိမ်းခြောက်မှုများရှိနေ သော်လည်း ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ၎င်း၏အုပ်ချုပ်မှုအာဏာတည်တံ့စေနိုင်မည့် ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ရေးအတွက် ဇူလိုင်လ ၁ ရက်နေ့တွင် မဲပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံအတွင်းတွင် နေ့စဉ်နေ့တိုင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ်များရှိနေဆဲ ဖြစ်ပြီး အာဏာပိုင်များမှ ကျန်းမာရေးဆိုင်ရာပြဿနာသည် ဦးစားပေးဖြစ်ကြောင်း ပြောပြီး ရက်အနည်းငယ်အကြာ မေလ ၁ ရက်နေ့တွင် အဆိုပါထုတ်ပြန်ကြေညာ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေတိုးတက်လာသည်နှင့်အမျှ သာမန်ဘဝကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြင်ဆင် ခြင်းအတွက် နောက်ထပ်လုပ်ဆောင်ရမည့်လုပ်ငန်းများကို စဉ်းစားရန်လိုအပ်ပြီး သမ္မတပူတင်မှ ရွှေးကောက်ပွဲနှင့် ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များနှင့် ဗီဒီယိုဖြင့် ဖုန်းခေါ်ဆို၍ ပြောကြားခဲ့ပါသည်။
စည်းရုံးရေးမှူးများအတွက် ပြည်သူများ၏ကျန်းမာရေးသည် အဓိကဦးစားပေး ရန်လိုအပ်ကြောင်း ပြောကြားပြီး မဲပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း အာဏာပိုင်များ၏ အဆိုတင်သွင်းမှုကို သမ္မတမှသဘောတူခဲ့ပါသည်။
သမ္မတပူတင်သည်၎င်း၏ သက်တမ်းကို သုညသို့ပြန်ထိုင်နိုင်မည့် ကြိုတင် ဆောင်ရွက်ချက်တစ်ခုအပါအဝင် ယခုနှစ်အစောပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးကို ထုတ်ပြန်ကြေညာခဲ့ပါသည်။၎င်းသည်၂၀၂၄ ခုနှစ်တွင် သမ္မတ သက်တမ်းပြည့်မည့် ပူတင်အတွက် ၂၀၃၆ ခုနှစ်တိုင်အောင် ၎င်း၏ အာဏာတည်တံ့ စေရေးအလားအလာရှိလာနိုင်ပါသည်။
ဉရောပတွင် ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့သည့် ၇၅ နှစ်မြောက်ကို ဇွန်လ ၂၄ ရက်နေ့ တွင် ရုရှားနိုင်ငံမှ အထူးအခမ်းအနားများကျင်းပပြုလုပ်ပြီးနောက် တစ်ပတ်အကြာတွင် မဲပေးခြင်းကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ရုရှားနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်ဖြစ်ပြီး Kremlin critic Alexei Navalny အကြီးအကဲ၏မဟာမိတ်ဖြစ်သူ Lyubov Sobol မှ ဇူလိုင်လတွင် ကျင်းပပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးအပေါ် ပြစ်တင်ရှုတ်ချခဲ့ပါသည်။
၎င်းသည် မိမိတို့နိုင်ငံ၏ အခြေခံဉပဒေဖြစ်ပြီး ၎င်းတို့အနေဖြင့် ကြိုတင်ပြင်ဆင် ခဲ့ကြောင်း သူမ၏ Twitter ပေါ်တွင် ပြောကြားခဲ့ပါသည်။ ပူတင်သည် ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးအတွက် တာဝန်ယူရန်အသင့်ရှိပါသည်။
အဆိုပါမဲပေးခြင်းကို ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရမှုများမြင့်တက်လာခဲ့ပြီး ကမ္ဘာပေါ် တွင် အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့ပြီးလျှင် တတိယနေရာတွင်ရှိနေခဲ့သည့်အတွက် ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်ပါသည်။
ရုရှားနိုင်ငံတွင် ဇွန်လ ၁ ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရမှု ၉,၀၃၅ ရှိပြီး စုစုပေါင်းမှာ ၄၁၄,၈၇၈ ရှိပြီး ဖြစ်ပါသည်။
၎င်းအရေအတွက်သည် ကြီးမားသောစစ်ဆေးမှု၏ ရလဒ်တစ်ခုဖြစ်ပြီး နိုင်ငံတွင် ရောဂါကူးစက်ခံရမှုအသစ်များ မှန်မှန်လျော့ကျနေသော်လည်း သေဆုံးမှုအရေအတွက် မှာ ၄,၈၅၅ ရှိကြောင်း အာဏာပိုင်များမှ ပြောကြားခဲ့ပါသည်။
ဝေဖန်သူများမှ အာဏာပိုင်များသည် သေဆုံးမှုစာရင်းကို အမှန်အကန် ထုတ်ပြန် ခြင်းမရှိကြောင်းနှင့် lockdown များဖြေလျော့ခြင်းသည် ပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည်။
ဇွန်လ ၁ ရက်နေ့တွင် လက်လီရောင်းဝယ်သည့်စတိုးဆိုင်များ၊ ဈေးဝယ်စင်တာ များကို ပြန်လည်ဖွင့်လှစ်ရန်ခွင့်ပြုခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် ည ၉နာရီမတိုင်မီ တွင် အပြင်ထွက်လေ့ကျင့်ခန်းပြုလုပ်နိုင်သော်လည်း အချိန်တိုင်းတွင် နှာခေါင်းစည်း များ တပ်ဆင်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
စားသောက်ဆိုင်များ ၊ကော်ဖီဆိုင်များ နှင့် ရုပ်ရှင်ရုံများကို ပိတ်ထားရဆဲဖြစ်ပြီး အနည်းဆုံး ဇွန်လ ၁၄ ရက်ထိ လူစုလူဝေပြုလုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
Source : ALJAZEERA
Russia: Putin sets July 1 for constitutional reform vote

0 comments:

Post a Comment