Tuesday, June 2, 2020

မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများ quarantine ၁၄ရက် နေရမည်

မြန်မာနိုင်ငံသို့လာရောက်မည့် ပြည်ပနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာအလုပ်ဌာနများ၏ ထောက်ခံချက်များနှင့်အတူ မြန်မာနိုင်ငံတွင် စောင့်ကြပ်ကြည့်ရှုခြင်းကာလ၂ပတ်ကြာ(၁၄ရက်) နေထိုင်ရမည်ဖြစ်ကြောင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်သည်။
မြန်မာနိုင်ငံသို့လာရောက်မည့်နိုင်ငံခြားသားများအနေဖြင့်လေယာဉ်ပေါ်သို့မရောက်မီ၊မိမိတို့နိုင်ငံရှိနေအိမ်များတွင် ၇ရက်ကြာ(Home quarantine)နေထိုင်ခဲ့ကြောင်း အထောက်အထားနှင့်ဝင်ရောက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ရောက်ရှိပါက facility quarantine ၇ရက်နေထိုင်ရမည်ဖြစ်သည်။
ထို့နောက် နှာခေါင်းတို့ဖတ် (Nasal swab)စစ်ဆေးပြီး PRC အဖြေ ရလဒ်အနုတ်ဖြစ်မှသာ Home quarantine ၇ရက်နေထိုင်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Crd : Myanmar Times #Myanmar_Online_News

0 comments:

Post a Comment