Thursday, September 3, 2020

မုံရွာတွင် ပြောက်ကျားဝတ်စုံများဖြင့် ရပ်ကွက်လုံခြုံရေး ဖွဲ့စည်းမှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေး

မုံရွာမြို့တွင် ပြောက်ကျား ဝတ်စုံဖြင့် ရပ်ကွက်လုံခြုံရေး သီး ခြားအဖွဲ့ ဖွဲ့စည်းခွင့်မပြုကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွန့်က ပြောသည်။
မုံရွာမြို့ ထန်းတောရပ်ကွက် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းသည်ဟုဆို ကာ ပြောက်ကျားဝတ်စုံများဝတ် ဆင်ထားသောဓာတ်ပုံများ စက်တင်ဘာ ၁ ရက်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ‌တွင် ပျံ့နှံ့ခဲ့သဖြင့် မြို့ခံများကြား ဝေ ဖန်မှုများရှိခဲ့ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့ မှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
‘‘အဲဒီရပ်ကွက်က လုံခြုံရေး အဖွဲ့ ဖွဲ့ချင်လို့ သက်ဆိုင်ရာကို တင်ပြဖို့ လုပ်နေတယ်လို့ သိရ တယ်။ သူ့တို့ကိုယ်တိုင် ယူနီ ဖောင်းတွေချုပ်ထားပြီး ဓာတ်ပုံ ရိုက်ကြတာ။ အဲဒီလို ဖွဲ့စည်းခွင့် လည်းမရှိဘူးလေ’’ ဟု ဒုရဲမှူးကြီး သောင်းညွန့်က ပြောသည်။
မြို့ပေါ်ရပ်ကွက်များတွင် အရန်မီးသတ်တပ်ဖွဲ့များ ဖွဲ့ စည်းထား၍ မီးဘေးကာကွယ်ရေး နှင့် ရပ်ရွာလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး အစိုးရအဖွဲ့ အဖွဲ့အစည်းများ၏ ဝတ်စုံနှင့်တူညီသည့် အဝတ်များဝတ်ဆင်၍ လုံခြုံရေးဆောင်ရွက်ခွင့်မရှိ ကြောင်း ၎င်းကပြောသည်။
မုံရွာမြို့ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ‘‘မနေ့က လုံခြုံရေးအဖွဲ့က ကလေးတွေက အဲဒီဝတ်စုံလေး တွေကို လေဘေး (အင်္ကျီအဟောင်း) ဆိုင်က ဝယ်လာကြ တာ။ အဲဒီအင်္ကျီတွေကို အရောင် ပြောင်းဖို့ ဆေးစိမ်ရမှာပေါ့။ အဲဒီ အင်္ကျီလေးတွေ စမ်းဝတ်ကြည့်ရင်းနဲ့ ဆေးမစိမ်ခင် အမှတ်တရ ဓာတ်ပုံရိုက်ရအောင်ဆိုပြီး ရိုက် လိုက်တာပါ။ ရပ်ကွက်က ထောက်ပံ့တာလည်း မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ဝတ်ပြီး လုံခြုံရေးလုပ်တာဆိုလို့ ကျွန် တော်တို့ ထန်းတောပဲရှိတာ’’ ဟု ပြောသည်။
ထန်းတောရပ်ကွက်ရှိ နယ်မြေ ၂၂ ခုတွင် အိမ်ထောင်စု ၄,၀၀၀ ကျော်၊ လူဦးရေ ၂၀,၀၀၀ ကျော်နေထိုင်ပြီး မှုခင်းကျဆင်း ရေးအတွက် လူငယ်များကို စည်းရုံး၍ ရပ်ကွက်လုံခြုံရေးအဖွဲ့ ဖွဲ့ စည်းရန် အသင်းဝင် ၂၄ ဦးအနက် ကျပ် ၇,၅၀၀ တန် ဝတ်စုံ ဝယ်နိုင်သူ ၁၄ ဦးသာရှိကြောင်း ၎င်းက ပြောသည်။
ပြည်သူ့ဝန်ထမ်းမဟုတ်ဘဲ ပြည်သူ့ဝန်ထမ်းအဖြစ် သူတစ်ပါး ယုံကြည်စေရန် ကြံရွယ်ချက် (သို့ မဟုတ်) အသိဖြင့် အဝတ်တန်ဆာကို ဝတ်ဆင်ခြင်း၊ အမှတ်အသားကို ကိုင်ဆောင်ပါက ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၇၀ အရ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားပါက ထောင်ဒဏ်သုံးလ ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူခံရနိုင်ကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment