Thursday, September 3, 2020

မန္တလေးမြို့၊ပြင်ဦးလွင်နှင့်အမရပူရမြို့တို့တွင် COVID-19 ကာလအတွင်း အနှိမ်ခန်းဖွင့်လှစ်လုပ်ကိုင်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ

▪️ ၂-၉-၂၀၂၀ ရက်နေ့ နံနက် ၁ နာရီ ၄၅ အချိန် ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၀)၊ တင်ဦးကျော်လမ်း၊ သိင်္ဂီလမ်းသွယ် အတွင်းရှိ အမှတ်(AA-74)နေအိမ်တွင် တရားမဝင်အနှိပ်ခန်းဖွင့်လှစ် လုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စုံစမ်းရာ အိမ်ရှင် ဒေါ်နန်ဂျာ ၄၀ နှစ်နှင့် အနှိပ်သမ မမွန်မွန်ကျော်(ခ)စံပယ်ဖြူ ပါ(၂)ဦး၊ လာရောက်အနှိပ်ခံသူ (၁)ဦးတို့အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၃၂၀/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရလည်းကောင်း၊

▪️
▪️ ၃-၉-၂၀၂၀ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် မန္တလေးခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်၊ အောင်ပင်လယ်နယ်မြေရဲစခန်း၊ စက်မှုနယ်မြေရဲစခန်း၊ မြစ်ငယ်နယ်မြေရဲစခန်းတို့မှ တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အမရပူရမြို့နယ်၊ မင်းရွာကျေးရွာ၊ ၆၇ လမ်းရှိ နေအိမ်တွင် တရားမဝင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ အနှိမ်ခန်းအလုပ်သမား ထက်လင်း(ခ)ထက်ဝေ ၂ဝနှစ်ပါ(၃)ဦး၊ အနှိပ်သမ မသူသူ ၂၆ နှစ်ပါ (၈)ဦးနှင့် လာရောက်အနှိပ်ခံသူ နေမျိုး(ခ)ချက်ပြား ၃၃ နှစ်ပါ(၁၀)ဦးတို့အား တွေ့ရှိဖမ်းဆီးရမိသဖြင့် မြစ်ငယ်နယ်မြေရဲစခန်း(ပ)၃၅၉/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရလည်းကောင်း၊ အသီးသီး အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment