Wednesday, September 2, 2020

လားရှိုးမှာ သောင်းကျန်းသူများက တပ်သားသစ်စုဆောင်းမယ့် သတင်းကြောင့် ဒေသခံများ မြို့ပေါ် တိမ်းရှောင်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် နောင်ဖော့ ကျေးရွာအုပ်စု နောင်ဖော့ ရွာနဲ့ ပန်ခန်ရွာမှာ သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့ တဖွဲ့က စက်တင်ဘာလ ၁ ရက် ညနေပိုင်းက တပ်သားသစ်စုဆောင်းမယ့် သတင်းတွေထွက်ပေါ်လာတာကြောင့် ဒေသခံ ၂၀၀ ကျော် မြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ သတင်းများကြောင့် ဒေသခံ ၂၁၈ ဦးက လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာ မန်ဆူကျောင်းကို စက်တင်ဘာလ ၁ ရက် ညနေ ၅ နာရီဝန်းကျင်က တိမ်းရှောင်လာကြကာ ည ၇ နာရီဝန်းကျင်မှာ မန်ဆူကျောင်းကို ရောက်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို တိမ်းရှောင်လာကြသူတွေက အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၁၃၇ ဦး၊ စုစုပေါင်း ၂၁၈ ဦးရှိပြီး သူတို့ကို မန်ဆူကျောင်း ဆရာတော်က စားသောက်နေထိုင်ရေးအတွက် စီစဉ်ပေးထားကာ မြို့ပေါ်က အလှူရှင်တွေက နှာခေါင်းစည်း (Mask) တွေ၊ လက်ဆေးဆပ်ပြာရည်တွေနဲ့ စားသောက်ဖွယ်ရာတွေ လာရောက်လှူဒါန်းပေးကြောင်း သိရပါတယ်။
ဒါ့အပြင် လက်နက်ကိုင်အဖွဲ့ တဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တချို့က ပန်ခန်ရွာအတွင်းနဲ့ ပန်ခန်ရွာအနီးမှာ ရောက်ရှိနေကြတယ်လို့လည်း တိမ်းရှောင်လာကြသူ တချို့ ရဲ့ ပြောပြချက်အရ သိရပါတယ်။
crd-ရွှေတြိဂံဒေသ သတင်းလွှာ #Myanmar_Online_News #သောင်းကျန်းသူအဖွဲ့ #လားရှိုး
>zawgyi<
လားရှိုးမှာ သောင်းကျန်းသူများက တပ်သားသစ်စုဆောင်းမယ့် သတင်းကြောင့် ဒေသခံများ မြို့ပေါ် တိမ်းရှောင်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် နောင်ဖော့ ကျေးရွာအုပ်စု နောင်ဖော့ ရွာနဲ့ ပန်ခန်ရွာမှာ သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့ တဖွဲ့က စက်တင်ဘာလ ၁ ရက် ညနေပိုင်းက တပ်သားသစ် စုဆောင်းမယ့် သတင်းတွေ ထွက်ပေါ် လာတာ ကြောင့် ဒေသခံ ၂၀၀ ကျော် မြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ သတင်းများကြောင့် ဒေသခံ ၂၁၈ ဦးက လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာ မန်ဆူကျောင်းကို စက်တင် ဘာလ ၁ ရက် ညနေ ၅ နာရီဝန်းကျင်က တိမ်းရှောင်လာကြကာ ည ၇ နာရီဝန်းကျင်မှာ မန်ဆူကျောင်းကို ရောက်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို တိမ်းရှောင်လာကြသူတွေက အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၁၃၇ ဦး၊ စုစုပေါင်း ၂၁၈ ဦးရှိပြီး သူတို့ကို မန်ဆူ ကျောင်း ဆရာတော်က စားသောက် နေထိုင်ရေး အတွက် စီစဉ်ပေးထားကာ မြို့ပေါ်က အလှူရှင်တွေက နှာခေါင်း စည်း (Mask) တွေ၊ လက်ဆေး ဆပ်ပြာရည်တွေနဲ့ စားသောက်ဖွယ်ရာတွေ လာရောက် လှူဒါန်းပေးကြောင်း သိရပါတယ်။
ဒါ့အပြင် လက်နက်ကိုင် အဖွဲ့ တဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တချို့က ပန်ခန်ရွာအတွင်းနဲ့ ပန်ခန်ရွာအနီးမှာ ရောက်ရှိနေကြတယ် လို့လည်း တိမ်းရှောင်လာကြသူ တချို့ ရဲ့ ပြောပြချက်အရ သိရပါတယ်။
crd-ရွှေတြိဂံဒေသ သတင်းလွှာ #Myanmar_Online_News
#သောင်းကျန်းသူအဖွဲ့

0 comments:

Post a Comment