Friday, September 4, 2020

အမေရိကန်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် WHO မှ နှုတ်ထွက်မည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု

အမေရိကန်သည်၂၀၂၁ ခုနှစ် ဇူလိုင်လ ၆ရက်နေ့တွင် WHO မှ နှုတ်ထွက်မည်ဖြစ် ကြောင်း စက်တင်ဘာလ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
“ယနေ့ မိမိတို့အနေဖြင့် ငွေကြေးထောက်ပံ့မှုနှင့်ဆက်စပ်သော ကိစ္စရပ်များ အပါအဝင် လုပ်ငန်းစဉ်များကိုအပြီးသတ်ဆောင်ရွက်မည့် အရေးပါသောလုပ်ဆောင်မှု အဆင့်များကို ကြေညာပေးသွားမည်ဖြစ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
နှုတ်ထွက်မှုကိုထပ်လောင်းအတည်ပြုခြင်းနှင့်အတူ WHOအတွက် အမေရိကန် နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုများကို UN အတွက်ပြောင်းလဲအသုံးချမည့် ရှင်းလင်း သော အစီအစဉ်များကို ဝန်ကြီးဌာနမှတင်ပြသွားမည်။
“မိမိတို့အနေဖြင့် ၂၀၂၀ခုနှစ်ဆန်းစစ်မှုအတွက် ကျန်ရှိနေသောအပိုင်းများကို ဆက်လက်ကြေညာပေးသွားမည်ဖြစ်ပြီး အခြားသော ဆန်းစစ်မှုများပြုလုပ်ရန် UN အတွက် အမေရိကန်ဒေါ်လာ ၆၂ သန်း ကျော်ကို အ စီအစဉ်ပြန်လည်ရေးဆွဲလျက် ရှိကြောင်း” ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။
ယခုနှစ်အစောပိုင်း ဇူလိုင်လမှစ၍ ထရမ့်အစိုးရသည် WHOမှ နှုတ်ထွက်မည့် အစီအစဉ်ကို ကုလသမဂ္ဂအားတရားဝင် အသိပေးခဲ့သည်။အဆိုပါလုပ်ဆောင်ချက်ကြောင့် ကမ္ဘာ့ပြိုင်ကွင်းတွင် အမေရိကန်နိုင်ငံသည် ကျန်းမာရေးဝန်ထမ်းများ၊ ဒီမိုကရတ်အစိုးရတို့၏ဝေဖန် တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment