Wednesday, September 2, 2020

ရာထူးဖယ်ရှားခံရတဲ့ ထိုင်းကြင်ယာတော်ကို ၁၀ လအကြာတွင် ထိုင်းဘုရင် အဆောင် အယောင် ပြန်လည် အပ်နှင်း

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက အသက် ၃၅ နှစ်အရွယ် ကြင်ယာတော် ဆီနီးနတ် ဝေါင်ဗာဂျီရာပက်ဒီကို ကြင်ယာတော် မိဖုရား အဆောင်အယောင် ရာထူး ပြန်လည် အပ်နှင်းခဲ့ကြောင်း ထိုင်းတော်ဝင်နန်းတော်က ကြေညာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ လက မိဖုရားရာထူးကနေ ဖယ်ရှားခဲ့ပြီးတာပါ။
“ကြင်ယာတော် ဆီနီးနတ် ဝေါင်ဗာဂျီရာပတ်ဒီဟာ အပြစ်ကင်းရှင်းတာကြောင့် တော်ဝင်စစ်ဌာနချုပ်နဲ့ စစ်တပ်ရာထူးတွေနဲ့ တော်ဝင်ကြင်ယာတော်ဂုဏ်ထူးဆောင်အဖြစ် ပြန်လည်အပ်နှင်းခဲ့ပြီး တော်ဝင်အဆောင်အယောင်အားလုံး ခံစားစေတယ်”လို့ ထိုင်းနန်းတော်က ဩဂုတ်လ ၂၉ ရက်နေ့ ရက်စွဲထုတ် တော်ဝင်ပြန်တမ်းမှာ ဖော်ပြသွားပါတယ်။
ဒီကြေညာချက်အရ မိဖုရား ဆီနီးနတ်ဟာ ယခင်က ခံစားခဲ့ဖူးတဲ့ တော်ဝင်ရာထူးတွေ၊ စစ်တပ်ရာထူးအဆင့်တွေ ပြန်လည်ရရှိမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဆီနီးနတ်ကို ကျေးဇူးမသိတတ်မှု၊ မိဖုရားအဆောင်အယောင်နဲ့မသင့်တော်တဲ့ အပြုအမူတွေပြုမူခဲ့ခြင်းနဲ့ ပတ်သက်ပြီး ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်းက ရာထူးအဆောင်အယောင်အားလုံး ဖယ်ရှားခဲ့တာပါ။ ဒီမိဖုရားရာထူးက ဖယ်ရှားခံရမှုဟာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ချောင်ကွန်ဖရာ တော်ဝင်မြင့်မြတ်တဲ့မိဖုရားရာထူးအဖြစ် တင်မြှောက်ပြီး သုံးလမပြည့်ခင် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၉ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့က ထိုင်းနန်းတော်ထုတ်ပြန်ချက်မှာ မိဖုရားဆီနီးနတ်ဟာ ဘုရင်မဆုသီတာ မိဖုရားခေါင်အဖြစ် အရွေးခံရတာကို ဆန့်ကျင်ခဲ့တာဖြစ်ပြီး သူမကို ဘုရင်မအဖြစ် ရွေးချယ်ခံချင်တာကြောင့်လို့ ဖော်ပြခဲ့ပါတယ်။ မိဖုရားဆီနီးနတ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ထိုင်းဧကရာဇ် ဗာဂျီရာလောင်ကွန်း အသက် ၆၇ နှစ်မွေးနေ့မှာ တော်ဝင် မိဖုရားအဖြစ် ပထမဆုံး အပ်နှင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဆီနီးနတ်ဟာ ၁၉၈၅ ခုနှစ် ဇန်နဝါရီ ၂၆ ခုနှစ်က မြောက်ပိုင်းနန်ပြည်နယ်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ထိုင်းစစ်တပ်သူနာပြုကောလိပ်က ဘွဲ့ရရှိခဲ့ကာ ထိုင်းနဲ့ ပြည်ပ လေယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်ဖူးပါတယ်။
>zawgyi<

0 comments:

Post a Comment