Friday, September 4, 2020

လာမည့်ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ ကြိုက်နှစ်သက်ရာပါတီကို မဲပေးနိုင်

တပ်မတော်သားများအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ကြိုက်နှစ်သက်ရာပါတီကို မဲပေးနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
“တပ်မတော်သားတွေအနေနဲ့ လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိတယ်။ တပ်မတော်သားတွေအနေနဲ့ မိမိရဲ့၊ နိုင်ငံ သားတွေရဲ့အခွင့်အရေးမှာလည်း လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကလည်း ဘယ်သူ့ကိုမဲပေးပါလို့ မပြောပါဘူး။ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို အကြံပြုထားတာပဲ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး တပ်မတော်သားများအနေဖြင့် တပ်တွင်းမဲရုံများထားရှိမည်မဟုတ်သောကြောင့် တပ်မတော်ပြင်ပမဲရုံများသို့ သွားရောက်မဲပေးရမည်ဖြစ်ကြောင်း သိရသည်။
Ref ; MyanmaPlatform

0 comments:

Post a Comment