Friday, September 4, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင် စီအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ KNU/ KNLA (PC)ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ စောရင်နုနှင့် အဖွဲ့ဝင်များသည် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က KNU/ KNLA (PC)အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် KNU/ KNLA (PC)အဖွဲ့၏ ငြိမ်းချမ်းရေးလိုလားမှုကို တပ်မတော်မှအပြည့်အဝယုံကြည်ပါကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေး အပေါ်တွင်ထားရှိသည့် တပ်မတော်၏ သဘောထားသည် ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် KNU/ KNLA (PC)အဖွဲ့အနေဖြင့် စံနမူနာပြအဖြစ်ဖြင့် ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။
KNU/ KNLA (PC) အဖွဲ့မှ ဥက္ကဋ္ဌ စောထော့လေး နှင့်အဖွဲ့ဝင်များက ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှ သွေဖည်သွားမည် မဟုတ်ပါကြောင်း၊ COVID-19 ရော ဂါဖြစ်ပွားသည့်ကာလအတွင်း တပ်မတော်မှ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများလာရောက်လှူဒါန်းပေးသည့်အတွက် အထူးပင်ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အကြံပေးတိုက်တွန်းချက်နှင့်အညီ NCA လမ်းကြောင်းမှတစ်ဆင့် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်သည်အထိ တပ်မတော်နှင့်လက်တွဲပြီး ဆက်လက်အ ကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတိုင်းရင်းသား အရေးနှင့်ပတ်သက်လာပါကမြန်မာနိုင်ငံ၌တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်ရှိသည့်အတွက် မည်သူ့ကိုမျှ ချန်လှပ်မထားရေး၊ အားလုံးပါဝင်နိုင်မည့် အခြေအနေဖြစ်စေရေး နှင့် အားလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကြာမီတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်လည်း မိမိဒေသနှင့်တိုင်းပြည်ကို အကျိုးပြုနိုင်မည့် ကိုယ် စားလှယ်ကောင်းများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ ယခုတင်ပြခဲ့သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တပ်မတော်မှ ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာ နများနှင့်လည်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က KNU/ KNLA (PC)ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်စဉ်

0 comments:

Post a Comment