Friday, September 4, 2020

AA အကြမ်းဖက်အဖွဲ့ဟာ ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့ မဟုတ်ကြောင်း သမ္မတရုံးပြော

AA အကြမ်းဖက်အဖွဲ့ဟာ ငြိမ်းချမ်းရေးလိုချင်တဲ့ တပ်ဖွဲ့မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။
ဒ့ါအပြင် လတ်တလော ကပ်ရောဂါကာလ အတွင်းမှာ AA ဟာ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့လည်းဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က အင်အားတိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးပစ်ခတ်တာတွေ လုပ်နေတယ်လို ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ် ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောဆိုချက်နဲ့ ပက်သက်ပြီး အစိုးရရဲ့ သဘောထားကို ဒီနေ့ အခုလိုပြောခဲ့တာပါ။
ရက္ခိုင့်တပ်တော် AA ဟာ စနစ်တကျဖွဲ့ထားတဲ့တပ်ဖွဲ့မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့သာဖြစ်တယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။
AA တပ်ဖွဲ့ဟာ အပစ်ရပ်စဲတယ်ဆိုပြီး ကြေငြာချက်ထုတ်ပြန်ချက်နေတာတွေဟာ ဝါဒဖြန့်သက်သက်သာဖြစ်ပြီး လက်တွေ့အောက်ခြေမှာ စစ်ရေးလှုပ်ရှားတာတွေ၊ မိုင်းဆွဲတိုက်ခိုက်နေတာတွေကို ဆက်တိုက်လုပ်နေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
အမှန်တကယ် AA ဘက်က ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် AA အဖွဲ့ တစ်ဖွဲ့ထဲနဲ့လည်း အစိုးရဘက်က ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ အရင်ကလည်းပြောထားသလို အခုလည်း အသင့်ရှိနေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
Ref ; RFA

0 comments:

Post a Comment