Friday, September 4, 2020

တောင်ကိုရီးယားတပ်မတော်က လာမည့်နှစ်တွင် ကာကွယ်ရေးဘတ်ဂျက် စံချိန်တင် တိုးမြှင့်မည်

လာမည့်နှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ၅ ရာခိုင်နှုန်း တိုးမြှင့်သွားရန် ကြိုးပမ်းနေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇ ဘီလီယံနှင့်ညီမျှသည့် ကာကွယ်ရေးအသုံးစရိတ် ဝမ် ၅၂ ဒသမ ၉ ထရီလီယံ၏ အများစုကို တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးနှင့် စစ်ဘက်စခန်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် သုံးစွဲမည်ဟု တောင် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို တန်ပြန်နိုင်ဖို့ တောင်ကိုရီးယား တပ် မတော်ရဲ့ စွမ်းဆောင်ရည်တွေမြှင့်တင်ရာမှာ ရင်းနှီးမြုပ်နှံ မှု ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။ ရပ်တန့်နေသော နျူကလီးယားဆွေးနွေးမှုများနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရန် ရုန်း ကန် နေရချိန် တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများဟန့်တားနေရစဉ် ယခုကဲ့သို့ ကာကွယ် ရေးဘတ်ဂျက် တိုးမြှင့်ရန်ကြေညာခြင်းဖြစ်သည်။
ကာကွယ်ရေးဘတ်ဂျက်၏ ၆၃ ရာခိုင်နှုန်းနှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၂ ဘီလီယံကို သုံး စွဲမည်ဖြစ်ပြီး ဒေါ်လာ ၁၇ ဒသမ ၄ ဘီလီယံအား တပ်ဖွဲ့ဝင်များလေ့ကျင့်ရန်၊ ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံအား ထိန်းသိမ်းမှုများဆောင်ရွက်ရေး သုံးစွဲရန်စီစဉ်ထားဟု ဝန်ကြီးဌာနက ပြောသည်။
ယခုနှစ် ကာကွယ်ရေးဘတ် ဂျက်မှာ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးပမာဏဖြစ်ပြီး တိုင်းပြည်ဂျီဒီပီ၏ ၇ ဒသမ ၁ ရာခိုင်နှုန်း ရှိလာမည်ဖြစ်သည်။ တပ်ဖွဲ့ဝင်များလေ့ကျင့်မှုပေးရာတွင်တစ်ကယ့်ပကတိပုံစံအဆောက် အအုံ၊ ကိရိယာများကိုအခြေခံ၍ တပ်ဖွဲ့ဝင်များ ခေတ်မီနည်းပညာစစ်ပွဲနှင့် နေသားကျအောင်ဆောင်ရွက်ခြင်းနှင့် ခေတ်မီ တိုက်ခိုက်ရေးယူနီ ဖောင်းများဖြင့် စစ်ဆင်ရေးများဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
စစ်ဘက်အခြေစိုက်စခန်းများက ထိတွေ့မှုစည်းမျဉ်းသစ်များနှင့်အညီ စစ်ဆင်ရေးများအတွက် နောက်ဆုံး ပေါ်နည်းပညာများ အသုံးပြုရမည်ဖြစ်သည်။ ကပ်ရောဂါဖြစ်ပွားမှု ဟန့်တားသည့် ကြိုးပမ်းမှုများအဖြစ် ကျန်းမာ ရေးအကျပ်အတည်းတစ်ခု ဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော်ကို မဆိုင်းမတွ ကူညီနိုင်ရန် အ ကာအကွယ်ဝတ်စုံများ အသုံးချပုံကို သင်ယူရမည်ဖြစ်သည်။ ဇီဝနှင့်ဓာတုစစ်ပွဲဖြစ်ပွားပါက ကိုင်တွယ်နိုင်ရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်အချို့ကို အထူးတပ်ဖွဲ့များအဖြစ် ဖွဲ့စည်းမည်ဖြစ်သည်။
တပ်မတော် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများက ပြည့်စုံစွာ ငွေကြေးထောက်ပံ့ထားသည့် ခေတ်မီ နည်း ပညာများဖြင့် ကျန်းမာရေးအကျပ်အတည်းတစ်ခုကို အချိန်မီ တုံ့ပြန်နိုင်ရန် စစ်ဆေးရုံများကို အဆင့်မြှင့်တင်မည် ဖြစ်သည်။ သံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှုများကို ပိုမို ကောင်းမွန်စွာ စောင့်ကြည့်နိုင်ရန် မြောက်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်စခန်းများ၌ ဉာဏ်ရည်တုနည်းပညာများ ထည့်သွင်းသွားမည်ဖြစ်သည်။
မကြာသေးမီက အဖြစ်အပျက်နှစ်ခုကတောင်ကိုရီးယားတပ်မတော်ကိုအရှက်ရစေခဲ့ပြီးမေလအတွင်းတရုတ် နိုင်ငံသားပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ပင်လယ်ပြင်လမ်းကြောင်းမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သလို ဇူလိုင်လအတွင်း ဘက်ပြောင်းခိုလှုံသူတစ်ဦးက မြောက်ကိုရီးယားနိုင်ငံဘက်သို့ ပြန်သွားခဲ့သည် ကို သတိမထားခဲ့မိပေ။
ကာကွယ်ရေးဘတ်ဂျက်အနက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံကို စစ်လက် နက်များဝယ်ယူရန်နှင့် ကာကွယ်ရေးစွမ်းပကားများ အဆင့်မြှင့်တင်သည့် စီမံကိန်းများအတွက် သုံးစွဲရန်လျာထား ပြီး ယခုနှစ် ကာကွယ်ရေးအသုံးစရိတ်ထက် ၂ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုများပြားမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ်မတိုင်မီ ပြည် တွင်းဖြစ် တိုက်လေယာဉ်များထုတ်လုပ်မည့် KF-X စီမံကိန်းနှင့် ကေ-၂ တိုက်ပွဲ ဝင်တင့်ကားများ ထုတ်လုပ်မှု ပါဝင်သော အခြားစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ သုံးစွဲ သွားရန် သတ်မှတ်ထား သည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံ၏ ရန်စတိုက်ခိုက်မှု များကို စောင့်ကြည့်မှုနှင့်အ တူ နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားကြီးမားသောလက်နက်များကို တန် ပြန်မည့် မရှိမဖြစ်လို အပ်သော လက်နက်ကြီးများ၊ ပိုမိုကောင်းမွန်သော ကင်းထောက်လှမ်းမှုတို့ လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ သုံးစွဲမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်မရောက်မီ အမေရိကန်နိုင်ငံထံမှ ပင်လယ်ရေကြောင်း စစ်ဆင်ရေးဆိုင်ရာ ထိန်းချုပ်မှု လွှဲပြောင်း ရယူရေး ကြိုတင်ပြင်ဆင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ သတ်မှတ်ထားကြောင်း ဝန်ကြီးဌာန က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ ဦး လက်ခံထားရှိပြီး ထိုတပ်ဖွဲ့၏ တပ်မှူးဖြစ်သူက ၁၉၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သော မဟာမိတ်နှစ်နိုင်ငံကြား ပူးတွဲတပ်ဖွဲ့များ ကွပ်ကဲမှုဌာန ချုပ်ကို ဦး ဆောင်ရသည်။ ကျန်ရှိသော ကာကွယ်ရေးဘတ်ဂျက်ပမာဏကို ဆိုက်ဘာနှင့် အာကာသစစ်ပွဲအပါအဝင် အရေးပါသော စစ်ဘက်ဆိုင်ရာနည်းပညာများ တီထွင်မည့်ကြိုးပမ်းမှုများ လုပ်ဆောင်မည်ဖြစ်သည်။
ပိုမို ခေတ်မီသော စစ်လက်နက်များ ပြည်ပသို့တင်ပို့နိုင်ရေး ပြည်တွင်းကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေးကုမ္ပဏီများသို့ ငွေကြေးပံ့ပိုးရေးအတွက်လည်း သုံးစွဲမည်ဖြစ်သည်။ အဆိုပြုထားသော ကာကွယ်ရေးဘတ် ဂျက်ကို တောင်ကိုရီးယားလွှတ်တော်ထံမှ သုံးသပ်မှုများပြုလုပ်၍ အတည်ပြုမှုရယူရန် တင်ပြထားသည်။ တောင် ကိုရီးယားလွှတ်တော်က အဆိုပြုထားသော ကာကွယ်ရေးဘတ်ဂျက်ကို မဖြတ်တောက်ပဲ အတည်ပြုပါက နှစ်နှစ် ဆက်တိုက် ဝမ် ၅၀ ထရီလီယံကျော် သုံးစွဲသည့် ဒုတိယအကြိမ် ဖြစ်လာမည်ဖြစ်သည်။
ကာကွယ်ရေးဘတ်ဂျက်များ တိုးမြှင့်သုံးစွဲနေသည့် ဒေသတွင်းအင်အားကြီး တရုတ်နှင့် ဂျပန်တို့အပြင် နျူ ကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများကိုတန်ပြန်နိုင်ရန် တောင်ကိုရီး ယားတပ်မတော်ကို အင်အားတိုးချဲ့တည်ဆောက်နေသလို ကာကွယ်ရေးဘတ်ဂျက်ကိုလည်း နှစ်စဉ် တိုးမြှင့်သုံးစွဲ လျက်ရှိသည်။
Ref ; EPN

0 comments:

Post a Comment