Friday, September 4, 2020

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ လူအများအပြားကို COVID-19 ကာကွယ်ဆေး ထိုးပေးနိုင်မည်မဟုတ်

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ လူအများအပြားကို COVID-19 ကာကွယ်ဆေးထိုးပေးနိုင်မည်ဟု မထင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ပြောခွင့်ရှိသူ မားဂရက် ဟဲရစ်က ဂျနီဗာ၌ စက်တင်ဘာ ၄ ရက်တွင် သတင်းထောက်များအားပြောဆိုခဲ့သည်။
ကာကွယ်ဆေးထိရောက်မှုနှင့် ဘေးကင်းမှုတို့ကို ကျနသေချာစွာ စစ်ဆေးရဦးမည်ဖြစ်သောကြောင့် COVID-19 ကာကွယ်ဆေး အစုလိုက်အပြုံလိုက်ထိုးပေးမှုကို ပြုလုပ်နိုင်ဦးမည်မဟုတ်ကြောင်း မားဂရက် ဟဲရစ်ကပြောဆိုခဲ့သည်။ ကာကွယ်ဆေးသည် မည်မျှအထိ လုံလုံလောက်လောက်ကာကွယ်ပေးနိုင်သည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သောကြောင့် အဆင့် ၃ စမ်းသပ်မှုသည် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း ဟဲရစ်ကပြောဆိုခဲ့သည်။
COVID-19 တိုက်ဖျက်ရေးအတွက် လာမည့်နှစ်နှစ်အတွင်း နိုင်ငံ ၁၀ နိုင်ငံရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၂၈ ခုတို့သည် ရှေးကမရှိခဲ့ဖူးသည့် ကာကွယ်ဆေးပမာဏကို ထုတ်လုပ်ပေးနိုင်ခြေရှိနေကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) က စက်တင်ဘာ ၄ ရက်တွင် ပြောဆိုခဲ့သည်။
Ref ; The Myanmar Times

0 comments:

Post a Comment