Friday, September 4, 2020

အမေရိကန်သံရုံးမှ ရွေးကောက်ပွဲအတွက် ဒေါ်လာ ၄၆ သန်းကျော် လှူဒါန်းမှုနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ ၂၅ ပါတီမှ အမေရိကန်သံရုံးသို့ အိတ်ဖွင့်ပေးစာ ပေးပို့

အမေရိကန်သံရုံးမှ ရွေးကောက်ပွဲကော်မရှင် အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ၂ဝ၂ဝ ရွေး ကောက်ပွဲကို စီမံခန့်ခွဲရန်နှင့်ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အမေရိကန်အစိုးရထောက်ပံ့ထားသည့် ဒေါ်လာ ၄၆ သန်းတွင် ကော်မရှင်အနေဖြင့် တစ်ဒေါ်လာမှမရကြောင်း မီဒီယာများကိုပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက် ၍ မိမိတို့နိုင်ငံရေးပါတီများက စိုးရိမ်မကင်းဖြစ်ပါသဖြင့် အမေရိကန်သံရုံးသို့ အိတ်ဖွင့်ပေးစာ တစ်စောင်သွားရောက်ပေးပို့ရာ ရုံးချိန်အနည်းငယ်ကျော်လွန်၍ ရုံးဖွင့်ချိန်မှသာ လာရောက်ပေးပို့ရန်ပြောကြားသဖြင့် ရုံးဖွင့်ရက်တွင် ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ နိုင်ငံရေးပါတီ(၂၅)ပါတီမှ အမေရိကန်သံရုံးသို့ပေးပို့ထားသည့် အိတ်ဖွင့်ပေးစာကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
Source - USDP

0 comments:

Post a Comment