Saturday, September 5, 2020

စစ်တွေမှရန်ကုန် ရောက်လာသော ကုန်တင်သင်္ဘော ၁၀ စီး ရှိ ရေလုပ်သားအားလုံးကို ကျန်းမာရေး ဆေးစစ်

စစ်တွေမှ ရန်ကုန်သို့ရောက်လာ သည့် ကုန်တင်သင်္ဘော ၁၀ စီးကို မြစ်လယ် တွင် ကျောက်ချရပ်နားစေပြီး လိုက်ပါလာသူ အားလုံးကို COVID-19 ရောဂါ ရှိ၊မရှိ စစ်ဆေး နေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စက်တင်ဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ကုန်စည်များ သယ်ဆောင်တင် ပို့ရန် ဝင်ရောက်လာသော ကုန်တင်သင်္ဘော ၁၀ စီးကို ရန်ကုန်မြစ်အလယ်တွင် ကျောက် ချရပ်နားစေခဲ့ပြီး သင်္ဘောပေါ်ပါရှိသူ ၁၄၅ ဦး ထံမှ ဓာတ်ခွဲနမူနာများရယူခဲ့သည်ဟုဆို သည်။
ကျန်းမာရေးဦးစီးဌာနက Swab များ ရယူထားသော ရေ လုပ်သား ၁၄၅ ဦးအား စစ်ဆေး ချက်အဖြေရရှိချိန်အထိ ကျန်း မာရေးဌာန၏ ညွှန်ကြားချက်နှင့် အညီနေထိုင်၍ ဆေးစစ်ချက်အ ဖြေစောင့်ဆိုင်းရန်နှင့် စစ်ဆေး ချက်အဖြေ စောင့်ဆိုင်းနေစဉ်ကာ လအတွင်း ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောများအား ရန်ကုန်မြစ်လယ်အတွင်း ကျောက် ချရပ်နားထားစေမည်ဟု ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ကဆိုသည်။
ဓာတ်ခွဲနမူနာတွင် ရောဂါ မရှိမှသာကမ်းကပ်စေ၍ ကုန်စည် များသယ်ယူပို့ဆောင်မှု ပြုလုပ် စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းကဆက်ပြောသည်။ ရောဂါထိန်းချုပ်မှုလုပ်ငန်း စဉ်အတွက် ရခိုင်ပြည်နယ်နှင့် အခြားဒေသကြား ကုန်းလမ်းမှ တစ်ဆင့် ကုန်စည်ပို့ဆောင်ရေးအတွက် ဆုံမှတ်နေရာ သုံးခုကို လည်း စက်တင်ဘာ ၄ ရက်တွင် အစိုးရက သတ်မှတ်ခဲ့သည်။
ကုန်တင်သင်္ဘောများတွင် ဆန်အများစုတင်ဆောင်လာခြင်း ဖြစ်ကာ ရောဂါကူးစက်မှုမရှိစေ ရေးနှင့် စိတ်ချလုံခြုံစေရန်အ တွက် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို ပိုးသတ်ဆေး ဖျန်းခဲ့ကြောင်း အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က အသိပေးသည်။ ပိုးတွေ့လူ နာများလာသဖြင့် ရခိုင်ပြည်နယ် တွင် ဒေသတစ်ခုလုံးကို အသွား အလာကန့်သတ်မှုများပါဝင် သော Semi Lockdown သတ် မှတ်ချက်များကို သြဂုတ် ၂၆ ရက်က စတင်ညွှန်ကြားခဲ့သည်။ သို့သော် ယမန်နေ့က ရန်ကုန်မြို့ သို့ရောက်ရှိလာသည့် ရေယာဉ် များမှာ လမ်းခရီးတွင် ရာသီဥတု နှင့် ကုန်စည်တင်ဆောင်ရမှုတို့ ကြောင့် ညွှန်ကြားမှုများနှင့် ကွဲလွဲ မှုရှိခဲ့ခြင်းဟု တာဝန်ရှိသူများက ဆိုသည်။
>zawgyi<

0 comments:

Post a Comment