Thursday, September 3, 2020

အမေရိကန်သံရုံးမှ ရွေးကောက်ပွဲအတွက် ထောက်ပံ့သည်ဟုဆိုသော ကန်ဒေါ်လာ ၄၆သန်း UEC မှ တစ်ဒေါ်လာမှမရဟုသိရ

အမေရိကန်သံရုံးမှ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် ဒေါ်လာ ၄၆ သန်းကျော်ကူညီပေးထားသည် ဆိုသော်လည်း လက်ရှိမှာမူ တစ်ဒေါ်လာမှ မရရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
အမေရိကန်အစိုးရမှ ကူညီထောက်ပံ့သည့်ထောက်ပံ့ငွေအကြောင်းအရာကို ရန်ကုန်အခြေဆိုက် အမေရိကန်သံရုံးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ထုတ်ပြန်ခဲ့သည့် ကြေ ညာချက်တွင် တရားဝင်ဖော်ပြချက်တွင် ပါရှိသည်။
UEC အနေဖြင့် အမေရိကန်အစိုးရမှံထောက် ပံ့ထားသည့် ဒေါ်လာ (၄၆)သန်းတွင် တစ်ဒေါ်လာမှမရကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ၂ရက်တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။
“ပြောရရင်တော့ UECက တစ်ဒေါ်လာမှ မရဘူး။ ရှင်းသွားပြီပေါ့။ သတင်းတွေက တက်လာတဲ့အတွက် ပြောနေကြတာ UECက တစ်ဒေါ်လာမှ မရဘူး”ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ရန်ကုန်အခြေဆိုက် အမေရိကန်သံရုံးမှ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ချက်တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့် သံရုံးယာယီတာဝန်ခံ ဂျော့ခ်ချဆစ်ဘလီတို့သည် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သောရွေးကောက်ပွဲကအရေးကြီးသည့်အကြောင်းနှင့် အများလက်ခံ၍ယုံကြည်ရသောရွေးကောက်ပွဲစောင့်ကြည့်မှုသည် အရေးကြီးသည့်အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့သော်ရန်ကုန်အခြေစိုက်အမေရိကန်သံရုံးမှ ယင်းထုတ်ပြန်ကြေညာချက်ကို UEC အဖွဲ့ဝင်ကဖြေကြားပြီးနောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချသွားခဲ့သည်။

0 comments:

Post a Comment