Wednesday, September 2, 2020

Tank Biathlon တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ အကြိုဗိုလ်လုပွဲ၌ ပထမရရှိ၊ ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်မည်

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၃ ရက်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2020 ပြိုင်ပွဲတွင်ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Biathlon) ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာ ၁ ရက်တွင် အကြိုဗိုလ်လုပွဲဖြစ်သော လက်ဆင့်ကမ်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ပွဲစဉ်(၁)ကို အာဆီယံဒေသတွင်းပြိုင်ဘက်အသင်းဖြစ်သည့် ဗီယက်နမ်တင့်တပ်ဖွဲ့နှင့်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့သဖြင့် ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အုပ်စုပွဲများအဖြစ် တစ်စီးချင်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Individual Race) တွင် ဗီယက်နမ်၊ ကာတာ၊ တောင်အော့စက်တီယာ အသင်းများနှင့်အတူယှဉ်ပြိုင်ခဲ့ပြီး ဩဂုတ် ၂၄ ရက်တွင် တိုက်ယာဉ်အဖွဲ့(၁)က ပြိုင်ပွဲဝင်စံချိန် ၃၆ : ၂၇ မိနစ်ဖြင့် တတိယနေရာ၌ လည်းကောင်း၊ ဩဂုတ် ၂၈ ရက်တွင် တိုက်ယာဉ်အဖွဲ့(၂)က ပြိုင်ပွဲဝင်စံချိန် ၄၂:၄၃ မိနစ်ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၉ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃)က ပြိုင်ပွဲဝင်စံချိန် ၃၃ : ၃၉ မိနစ်ဖြင့် ပထမနေရာ၌လည်းကောင်း အသီးသီးပန်းဝင်ခဲ့ပြီး တစ်စီးချင်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Individual Race) တွင် တိုက်ယာဉ်အဖွဲ့ ၃ ဖွဲ့ပေါင်းစံချိန် ၁ နာရီ ၅၂ မိနစ် ၄၉ စက္ကန့် ဖြင့် အုပ်စု(၂)အသင်း ၈ သင်းတွင် အဆင့် ၄ ရရှိ၍ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ လာအို၊ ကွန်ဂို အသင်းတို့နှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Relay Race) ကို မိုင်ကုန်မောင်းနှင်၍စံချိန်ယူခြင်း၊ ၁၂၅ မမအမြောက်အား မောင်းလျက်ကျည် ၃ တောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည် ၂၀ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ်ကျည် ၃၀ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့ကို မောင်းနှင်ယှဉ်ပြိုင်ရမည့်ပတ်လမ်းပုံစံ ၄ ခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၁ ရက်တွင် အာဆီယံဒေသအတွင်း ပြိုင်ဖက်အသင်းဖြစ်သည့် ဗီယက်နမ် တင့်တပ်ဖွဲ့နှင့်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့်လည်းကောင်း၊ ဗီယက်နမ်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၃ မိနစ် ၁၆ စက္ကန့်ဖြင့်လည်းကောင်း ပန်းဝင်ခဲ့သည်။
အကြိုဗိုလ်လုပွဲ လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Relay Race) ပွဲစဉ်(၂)ကို တာဂျစ်ကစ္စတန်၊ လာအို၊ ကွန်ဂို နိုင်ငံအသင်းများက ယနေ့(စက်တင်ဘာ ၂ ရက်)တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ပါဝင်ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို စက်တင်ဘာ ၄ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းအရ သိရှိရသည်။
>zawgyi<

0 comments:

Post a Comment