Thursday, September 3, 2020

နေပြည်တော်တွင် COVID-19 ထိန်းချုပ်မှု စည်းကမ်းတင်းကြပ်မှုများကြောင့် အဝေးပြေးယာဉ်လိုင်းအများစု နေပြည်တော်သို့ ပြေးဆွဲမှု ရပ်နား

နေပြည်တော်သို့ လာရောက်သူများ မိမိအစီအစဉ်ဖြင့် COVID-19 ရောဂါပိုးစစ်ဆေးမှု ခံယူရမည်ဆိုသည့် ထုတ်ပြန်ချက် ကြောင့် ခရီးသည်ဝင်ရောက်မှု လျော့နည်းသွားပြီး နေပြည်တော် သို့ ပြေးဆွဲသည့် ခရီးသည်ယာဉ် လိုင်းအများစု ရပ်နားသွား ကြောင်း နေပြည်တော်ကောင်စီ မထသဥက္ကဋ္ဌ ဦးဝင်းဆွေကပြော သည်။
လက်ရှိ COVID-19 ရောဂါပိုး တွေ့ရှိသူများလာပြီးနောက် အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ လာရောက်မည့်သူများအား ကျန်း မာရေးစစ်ဆေးမှု ခံယူပြီးမှသာ ဝင်ရောက်ခွင့် လက်ခံမည်ဟု ယမန်နေ့က ထုတ်ပြန်လိုက်ပြီး နောက် အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် ယင်းမြို့သို့ပြေးဆွဲရန် ခက်ခဲသွားခြင်းဖြစ်သည်။
‘‘ဒီနေ့မှာတောင် အဝင်ကား က မရှိသလောက်ဖြစ်သွားပြီ။ မနက်ဖြန်ဆိုရင် ပိုဆိုးလိမ့်မယ်။ မဖြစ်မနေသူလောက်က လွဲရင် သွားလာကြတော့မယ် မထင် ဘူး’’ဟု ဦးဝင်းဆွေက ဆက်လက် ပြောသည်။
နေပြည်တော်ကောင်စီသို့ သွားရောက်မည့် သူများသည် COVID-19 ရောဂါပိုး ရှိ၊ မရှိ အာ ခေါင်၊ နှာခေါင်းတို့ပတ် (Swab) နှစ်ကြိမ် စစ်ဆေးခံရမည်ဖြစ်ပြီး တစ်ကြိမ်စစ်ဆေးခ ကျပ်နှစ်သိန်း ခန့် ကျသင့်မည်ဖြစ်သည်။
ခရီးသည် မရှိသလောက် နည်းပါးသွားသည့်အပြင် ယာဉ် မောင်းများကိုပါ ကျန်းမာရေးစစ် ဆေးမှုခံယူရမည့် သဘောဖြစ်နေ သဖြင့် ပြေးဆွဲမှုယာယီရပ်နား ထားမည်ဖြစ်ကြောင်း JJ ယာဉ် လိုင်းတာဝန်ရှိသူတစ်ဦးက ပြော သည်။
‘‘မနေ့(စက်တင်ဘာ ၁ ရက်)ညကတည်းက နေပြည်တော်အဝင်ကားတွေကို တားထားလို့ ကျွန်တော်တို့ကားတွေ ဝင်မရဘဲ အချိန်အကြာကြီး စောင့်နေခဲ့ရ တယ်။ နောက်ဆုံးကားတွေကို ပြန်လှည့်လာခိုင်းလိုက်ရတယ်။ ဒီအခြေအနေကြောင့် ဆက်ဆွဲဖို့ က အဆင်မပြေဘူး’’ဟု ၎င်းက ပြောသည်။
ထိုသို့ နေပြည်တော်သို့ လာ ရောက်မည့်သူများအတွက် ထုတ် ပြန်သည့် ညွှန်ကြားချက်ကြောင့် ရန်ကုန်အပါအဝင် အခြားမြို့များ မှ နေပြည်တော်သို့ ပြေးဆွဲမည့် ယာဉ်လိုင်းများ ဆက်လက်ပြေး ဆွဲနိုင်တော့မည်မဟုတ်ဟု အေး ချစ်မြိုင်ယာဉ်လိုင်းတာဝန်ခံ ကို မွှေးက ပြောသည်။
ယခုညွှန်ကြားချက်မတိုင် ခင်က နေပြည်တော်သို့ ဦးတည် ပြေးဆွဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယာဉ်လိုင်း ၂၀ ထက်မနည်းရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

0 comments:

Post a Comment