Thursday, September 3, 2020

အမေရိကန်အစိုးရမှထောက်ပံ့သည့် ဒေါ်လာ ၄၆ သန်းအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ သုံးစွဲသွားမှာဖြစ်ကြောင်း NLDပါတီမှ မုံရွာအောင်ရှင်ပြောကြား

ဩဂုတ်လ ၃၁ ရက်နေ့က အမေရိကန်သံရုံး ယာယီတာဝန်ရှိသူမှ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံမှ ရွေးကောက်ပွဲအတွက် ထောက်ပံ့လာသည့် ဒေါ်လာ ၄၆ သန်းအား အစိုးရကို ထောက်ပံ့ခြင်းဖြစ်သည့်အတွက် ထိုငွေများကို အစိုးရကသာစီမံခန့်ခွဲလိမ့်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ သုံးစွဲမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီ ဗဟိုပြန်ကြားရေးကော်မ တီအတွင်းရေးမှူး မုံရွာအောင်ရှင်မှ ပြောကြားလိုက်သည်။
“အဲဒီဟာက အစိုးရကိုထောက်ပံ့တာလေ။ ဒါဘာမှမဆန်းပါဘူး။ COVID 19 ကပ်ရောဂါဘေးကို ပြန်လည်ကုစားဖို့ ထောက်ပံ့တာတွေရှိတယ်။ COVID-19 အလွန် စီးပွားရေးပြန်နာလံထဖို့အတွက် ထောက်ပံ့တာတွေရှိတယ်။ ဒီကာလ မှာ လုပ်ငန်းကိုင်ငန်းတွေ ဆက်လုပ်ကိုင်နိုင်ဖို့ ထောက်ပံ့တာတွေရှိတယ်။ ဒီထောက်ပံ့ငွေတွေကိုလည်း အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထင်သာမြင်သာရှိရှိ သုံးစွဲမှာလို့ ကျွန်တော်ရဲရဲပြောရဲပါတယ်။ UEC ကမသိဘူးဆိုတာလေ ထောက်ပံ့တယ်ဆိုကတည်းကိုက အစိုးရကိုထောက်ပံ့တာလေ။ အစိုးရကမှ ပြန်ပြီးတော့ စီမံခန့်ခွဲမှာပေါ့။ ဒါကလုပ်ထုံးလုပ်နည်းပါပဲ”ဟု မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရးကော်မတီအတွင်းရေးမှူး)မှ ပြောသည်။
အဆိုပါ အမေရိကန်အစိုးရမှ ထောက်ပံ့ထားသည့် ဒေါ်လာ ၄၆ သန်း၌ UEC အနေဖြင့် တစ်ဒေါ်လာမှ မရကြောင်းပြောဆိုမှု အပေါ် မုံရွာအောင်ရှင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment